play

 

Hello cabs အငှားယာဉ် ကုမ္ပဏီက Grab အငှားယာဉ်လုပ်ငန်းကို ယှဉ်ပြိုင်မှုဥပဒေအရ ပိတောက်ချောင်း နယ်မြေရဲစခန်းမှာ တိုက်ချက်ဖွင့်ထားတယ်လို့ Dagon Logestic ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းက ပြောပါတယ်။

Grab အငှားယာဉ်ကုမ္ပဏီက Hello Cabs ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လျှို့ဝှက်အချက် အလက်တွေကို ခွင့်ပြုချက်မရဘဲ အသုံးပြုခဲ့တာကြောင့် ယှဉ်ပြိုင်မှုဥပဒေနဲ့ ဇူလိုင်လကုန်က တိုင်ကြားခဲ့တာလို့ ဦးအောင်ဝင်းကပြောပါတယ်။

၂၀၁၆ အောက်တိုဘာက Grab ကုမ္ပဏီက အပြန်အလှန် ထုတ်ဖော်ပြောဆိုမှု မပြုရေး စာချုပ်ကို ပေးပို့ခဲ့လို့ Hello Cabs နဲ့ Grab တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး Hello Cabs ရဲ့ ဈေးကွက်အတွင်း စီစဉ်မှု၊ ဗျူဟာသတင်းအချက်အလက်တွေကို Grab ကုမ္ပဏီက ရယူခဲ့တယ်လို့ ဆိုပါတယ်။

‘‘အဓိကကတော့ ဈေးကွက် ထဲကို ၀င်တဲ့အခါမှာ မြန်မာပြည်ရဲ့ ဈေးကွက်အသစ်ဖြစ်တယ်။ အသစ်ဖြစ်တဲ့အတွက်ကြောင့်မို့ လို့ ဈေးကွက်အတွေ့အကြုံက အရေးကြီးဆုံးဖြစ်တယ်။ အချက်အလက်တွေကို ယူပြီးရင် မလုပ် ဖြစ်ရင် ပြန်ပေးရမယ်။ အကြောင်းကြားရမယ်လေ။ ကျွန် တော်တို့ အကြောင်းကြားတဲ့အချိန်မှာ အကြောင်းမပြန်ဘူး’’ လို့ ဦးအောင်ဝင်းက ပြောပါတယ်။

play

 

ဒါပေမယ့် Grab ကုမ္ပဏီတာဝန်ရှိသူတွေက သက်သေအထောက်အထား ခိုင်လုံမှုမရှိဘဲ တရားစွဲဆိုထားတာလို့ ပြောခဲ့ပြီး Grab က နိုင်ငံတစ်နိုင်ငံရဲ့ ဈေးကွက်အခြေအနေကိုလိုက်ပြီး သူရဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်လို့ ယှဉ်ပြိုင်မှုဥပဒေနဲ့ ငြိစွန်းမှုမရှိဘူးလို့ ပြောပါတယ်။

၂၀၁၅ ဖေဖော်ဝါရီ ၂၃ ရက် မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ယှဉ်ပြိုင်မှုဥပဒေပုဒ်မ ၁၉ မှာ မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမှ အခြားစီးပွားရေးလုပ် ငန်းတစ်ခုခုရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတာတွေ မပြုလုပ်ရဘူးလို့ ပါရှိပါတယ်။

အဆိုပါ ပုဒ်မ ၁၉(ဂ)ပါ တားမြစ်ချက်ကို ကျူးလွန်ပါက ပြစ်မှုထင်ရှားရင် ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း တစ်ရာထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမယ်လို့ ယှဉ်ပြိုင်မှုဥပဒေမှာ ဖော်ပြထားပါတယ်။

Source : 7DayDaily

Photos : 7Day,Myanmore

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video