play

 

လတ်တလောဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ဖြစ်ပွားနေတာကို အတည်ပြုနိုင်ခဲ့ပြီး ကိုးရက်အတွင်း ဖြစ်ပွားသူ ၂၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့တဲ့ကိစ္စကို လွှတ်တော်မှာဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

“ရောဂါပျံ့ပွားမှုမရှိစေရန်နဲ့ အသေအပျောက်နည်းပါးရေးအတွက် လူနေထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ အလုပ်ရုံ၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘောဆိပ်၊ လေဆိပ်များအထိ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”လို့ အမည်ရတဲ့ အရေးကြီးအဆိုတစ်ခုကို ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးကြဖို့ လွှတ်တော်က သဘောတူလိုက်တာပါ”လို့ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းက ပြောပါတယ်။

play

 

ပြည်သူတွေအနေနဲ့ H1N1 ရောဂါလဏ္ခာတွေကို သာမန်တုပ်ကွေးအဖြစ်မှတ်ယူပြီး နောက်ကျမှ ကုသမှု ခံယူနေကြတာကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများနေရတာလို့ ဦးသိန်းထွန်းက အဆိုတင်သွင်းတုန်းမှာ ထောက်ပြခဲ့ပါတယ်။

ဒီအဆိုကို ဆွေးနွေးဖို့ လွှတ်တော်က လက်ခံတဲ့အတွက် ဆွေးနွေးချင်သူများအနေနဲ့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသိပေးထားပါတယ်။

Source : Frontier

Photos : 7DayDaily, The Voice

သင်စိတ်ဝင်စားနိုင်သည့် ဆက်စပ်သတင်း ( ရာသီတုပ်ကွေးကြောင့် လေးရက်အတွင်းမှာ သေဆုံးသူ ခြောက်ဦးရှိပြီ )

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video