play
တုပ်ကွေးကာကွယ်မှုကို လူတိုင်းပြုလုပ်နေကြသည်။

 

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု လာရောက်ခံယူနေတဲ့ လူနာ ၂ ဦး ဒီနေ့ (ဇူလိုင် ၂၅ )မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ကွယ်လွန်ခဲ့သူနှစ်ဦးက  ဆေးရုံကို ထပ်မံရောက်ရှိလာတဲ့ လူနာတွေဖြစ်ပြီး ကုသမှုခံယူနေဆဲ လူနာ သုံးဦးထဲက မဟုတ်ဘူးလို့ သိရပါတယ်။

"ရန်ကုန်ဆေးရုံကြီးမှာကုသနေတဲ့ လူနာ ၂ ယောက် မဟုတ်ဘူး။ နောက်ရောက်လာတဲ့ အထဲက ၂ ယောက်ပါ။ ဆုံးပြီးတော့မှ ပြန်စစ်ကြည့်လိုက်တော့ (H1N1) positive ဖြစ်နေတာ''လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက News Watch သတင်းဌာနကို ပြောခဲ့ပါတယ်။

play

 

သေဆုံးသူနှစ်ဦးက ရာသီတုတ်ကွေး လက္ခဏာပေါ်ပေါက်တဲ့အတွက် လာရောက်ကုသတာက ရက်ပိုင်းပဲရှိသေးပြီး ဇူလိုင် ၂၅ မှာ သေဆုံးခဲ့တာဖြစ်ပြီး တစ်ဦးက ပဲခူးတိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် ဆေးရုံကြီးမှာ H1N1 နဲ့ ကုသမှုခံယူနေတဲ့သူ ၂ ဦးက မြောက်ဥက္ကလာပမြို့နယ်နေ စာဖိုးမှူးအဖြစ်လုပ်ကိုင်သူ အသက် ၃၅ နှစ်အရွယ် ဦးစိုးနိုင်နဲ့  ဧရာဝတီတိုင်း အသုတ်မြို့နယ်နေ အသက် ၃၅ နှစ်အရွယ် မဖြိုးဖြိုးသွင်တို့ ဖြစ်ပါတယ်။

Source : NewsWatchs

Photos : 7DayDaily,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video