play

 

လတ်တလောဖြစ်ပွားနေတဲ့ ဖြစ်ပေါ်နေတဲ့ ကူးစက်မြန် H1N1 တုပ်ကွေးလက္ခဏာတွေကို ဓူဝံ ပရိသတ်တွေ သတိထားနိုင်အောင် ဖော်ပြပေး လိုက်ပါတယ်။

play

 

H1N1 တုပ်ကွေးလက္ခဏာတွေကတော့

ချောင်းဆိုးခြင်း၊ ဖျားနာခြင်း(အဖျား 37.8°C နှင့် အထက်) (၃ ရက်နှင့် အထက်ဖျားခြင်း။) နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊
၊ သတိလစ်ခြင်း၊ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း၊ လက်ဖျားခြေဖျား အေးစက်ခြင်းစတဲ့ လက္ခဏာတွေဖြစ်ပြီး ဒီရောဂါက သာမန်တုပ်ကွေး အဖျားရောဂါနဲ့ တူသလိုရှိလို့ ပေါ့ပေါ့ဆစွာနေခဲ့မယ်ဆိုရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ထားပါတယ်။

play

 

ဒီရောဂါက ကုသတာထက်ကာကွယ်တာက ပိုထိရောက်လို့ ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
- တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နှုတ်ဆက်တာ သတိထားပါ....
- လက်မှန်မှန်ဆေးပါ..
- လက်မဆေးဘဲ ကိုယ်ခန္ဓာကို လျှောက်မကိုင်ပါနဲ့....
- ချောင်းဆိုးရင် အဝတ်အုပ်ဆိုးပါ...သုတ်ပြီးသွားရင် ချောင်းဟန့်ထားရင် အမှိုက်ကို သေချာစွန့်ပစ်ပါ..
- နေမကောင်းဖြစ်ချင်သလို ဖြစ်လာတာနဲ့ ဆေးကုသမှုခံယူပါ...
- နေမကောင်းရင် လူတွေနဲ့ဝေးဝေးမှာ နေပါ...
- နေမကောင်းရင် အလုပ်ကျောင်း လူစည်ကားတဲ့နေရာကို မသွားပါနဲ့..လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

Source & Photos : MOSH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video