AD
AD
AD
play

 

တောင်ပြုန်းပွဲတော်ကို ရာသီတုပ်ကွေး H1N1 ရောဂါ ထိန်းချုပ်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ ယာယီ ပိတ်သိမ်းထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့(ဇူလိုင်လ ၃၀ ရက်) အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ တောင်ပြုန်းပွဲတော် ကျင်းပသင့်၊ မသင့် ပွဲတော်ကျင်းပရေး ကော်မတီတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ (ဇူလိုင်လ ၃၀ ရက်) မွန်းလွဲပိုင်းက အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီး အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော်ကို ဒီလိုပိတ်သိမ်းခဲ့တာက ပွဲတော်ကျင်းပခဲ့တဲ့ သက်တမ်းတလျောက် အခုလိုယာယီပိတ်သိမ်းခဲ့တာ ပထမဆုံးဖြစ်ပါတယ်။

play

 

နှစ်စဉ်ကျင်းပနေတဲ့ တောင်ပြုံးပွဲတော်ကို နေ့စဉ်နေ့တိုင်း အနယ်နယ်အရပ်ရပ်က ပွဲတော်လာသူအရေအတွက် တစ်သိန်းခန့် လာရောက်နေကြလို့ H1N1 ရောဂါဖြစ်ပွားမှုနှပြန့်ပွားမှုကို စိုးရိမ်လို့ တိုင်းအစိုးရအဖွဲ့က အခုလိုသတင်းထုတ်ပြန်ခဲ့တာပါ။

 တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဇူလိုင်လ ၃၁ ရက်ကနေ  သြဂုတ်လ ၈ ရက် အထိ ဖြစ်သော်ပေမယ့်  ပြည်သူလူထုကျန်းမာရေး လုံခြုံရေးအတွက် ပွဲတော်ရက်ကို အရေးပေါ်ရွှေ့ပြောင်းသင့်တယ်လို့ သုံးသပ်တယ်လို့ မန္တလေးတိုင်း ဒေသကြီးအစိုးက သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily,The Voice

Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD