play

 

Duwun မီဒီယာကနေ စီစဉ်တင်ဆက်တဲ့ Urban Talent : Hip Hop ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၃၀၊ ၂၀၁၇ ရက်နေ့မှာ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းက ဖူဆန်ဘတ်စကတ်ဘောကွင်းမှာ ကျင်းပသွားတော့မှာပါ။ ဒီပြိုင်ပွဲမှာ ခံစားချက်တွေကို ရက်ပ်စာသားနဲ့ Hip-Hip သံစဉ်တွေအဖြစ် ဖွင့်ထုတ်ပစ်နိုင်ဖို့အတွက် Hip Hop ဂီတချစ်သူ ၀ါသနာရှင် လူငယ်တွေအတွက် လက်မလွတ်သင့်တဲ့ ပွဲတစ်ခုလည်းဖြစ်ပါတတယ်။

Ballantines ရဲ့ပံ့ပိုးကူညီမှုနဲ့ကျင်းပမယ့် ဒီပြိုင်ပွဲမှာအဖွဲ့ လိုက်ဖြစ်စေ တစ်ဦးချင်းစီဖြစ်စေ..Featuring အနေနဲ့ တွဲဖက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ယှဉ်ပြုင်သူတွေက ကိုယ်ပိုင်သံစဉ် Hip Hop သီချင်း တစ်ပုဒ်ဆီနဲ့ပါဝင် သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး Hip Hop ဂီတကိုချစ်မြတ်နိုးသူ ပရိတ်သတ်တွေအနေနဲ့လည်း အခမဲ့လာရောက်ကြည့်ရှု နားဆင်နိုင်မှာဖြစ်ပါတယ်။

Postby

 

Duwun ကနေကျင်းပနေတဲ့ Urban Talent ပြိုင်ပွဲတွေရဲ့ ပဉ္စမမြောက်ပြိုင်ပွဲရဲ့ ဆုကြေးတွေအနေနဲ့  ပွဲကို လာရောက်မယ့် ပရိတ်သတ် တွေကနေ မဲပေးရွေးချယ်ရမယ့် People’s Choice Award Winner - (400,000)Ks ၊ People’s Choice Award Runner Up – (200,000) Ks တို့ အပြင် Duwun Media ကနေ ရွေးချယ်ချီးမြင့်ပေးမယ့် Duwun Choice Award (300,000)Ks တို့ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Urban Talent : Hip Hop ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ Hot Line Number- 09-444815400 ကို ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ပြိုင်ပွဲဝင် ဖောင်တွေကိုတော့ Duwun ရုံးခန်းတည်ရှိရာ ဒိုင်းမွန်စင်တာ၊ Building-E ၊ပြည်လမ်း၊ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာလာရောက် ရယူနိုင်ပါတယ်။ လူကိုယ်တိုင်မလာနိုင်တဲ့သူတွေကတော့ Blue Mark ရရှိထားတဲ့ “Duwun Events” Facebook Page ကို Message ပို့ပြီး ပြိုင်ပွဲဝင်ဖောင်တွေကို တောင်းယူနိုင်ပါတယ်။

ပြိုင်ပွဲဝင်တွေအနေနဲ့ ဖောင်မှာပါဝင်တဲ့ အချက်အလက်တွေကိုပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီးရင်တော့ မိမိပြိုင်ပွဲဝင်မယ့်သီချင်းစာသားနဲ့ အတူ (၁၈.၉.၂၀၁၇) ရက်နေ့ နောက်ဆုံးထားပြီး “Duwun Events” Facebook Page ရဲ့Message Box ကိုပဲဖြစ်ဖြစ် Duwun Media ရဲ့  ရုံးကို လူကိုယ်တိုင်ပဲဖြစ်ဖြစ် လာရောက်ပေးပို့နိုင်ပါတယ်။ Urban Talent : Hip Hop ပြိုင်ပွဲကြီးက Hip Hop ဂီတချစ်သူ ၀ါသနာရှင် လူငယ်တွေအတွက် လုံးဝလက်လွတ်မခံသင့်တဲ့ ပွဲဖြစ်လို့  မပျက်မကွက်ယှဉ်ပြိုင်ဖို့နဲ့  လာရောက်ကြည့်ရှုအားပေးဖို့  ဖိတ်ခေါ်လိုက်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video