AD
AD
AD
play

 

မြန်မာနိုင်ငံအတွင်း HIV ပိုး အသစ် ကူးစက်နေမှုပမာဏက နေ့စဉ် လူ ၃၀ ခန့် ဖြစ်နေတာကြောင့် တစ်နာရီကို တစ်ယောက်နှုန်း ကူးစက်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ရန်ကုန် သူနာပြုတက္ကသိုလ်မှာ ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) က ကျင်းပခဲ့တဲ့ ၂၀၁၇ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ အသစ် ၁၁၀၀၀ ခန့်ရှိပြီး မူးယစ်ဆေး အကြောထဲထိုးသွင်းသူတွေက ၂၉ ရာခိုင်နှုန်း၊ လိင်လုပ်သားတွေရဲ့ အမျိုးသားလိင်ဆက်ဆံဖော်တွေမှာ ၂၃ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေမှာ ၁၃ ရာခိုင်နှုန်းနဲ့ အမျိုးသမီးလိင်လုပ်သားတွေမှာ ခုနစ်ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနိုင်ငံမှာ HIV ပိုးရှိတဲ့ ပထမဆုံးလူနာကို ၁၉၈၈ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံက အာဆီယံ ဒေသတွင်းမှာ အေအိုင်ဒီအက်ရောဂါသည် ဒုတိယအများဆုံးနိုင်ငံဖြစ်လာပြီး ဝေဒနာရှင်ပေါင်း ၂၃၀၀၀၀ (နှစ်သိန်းသုံးသောင်း) ကျော်နေရှိတယ်လို့ ၂၀၁၆ ခုနစ် မှတ်တမ်းတွေအရ သိရပါတယ်။


အဆိုပါပမာဏက HIV ပိုးအသစ် ကူးစက်တာခံခဲ့ရတဲ့သူတွေ မပါဝင်သေးပဲ မြန်မာနိုင်ငံရဲ့ HIV ပိုး ကူးစက်မှု ပမာဏက အာရှ-ပစိဖိတ် ဒေသတွင်းမှာ ဆဌမမြောက်အများဆုံး ဖြစ်နေတယ်လို့ ပွဲတက်ရောက်လာတဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

Source : Popular News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD