AD
AD
AD
play

 

မြန်မာနိုင်ငံမှာ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုနှုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်သောင်းကျော်ရှိပြီး လူနာသုံးထောင်လောက်က ရန်ကုန်တိုင်းမှာ ဖြစ်ပွားနေတာကြောင့် တစ်ရက်ကို ရှစ်ဦးနှုန်း (သို့မဟုတ်) သုံးနာရီကို တစ်ဦးနှုန်း ကူးစက်ခံနေရတယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

"ရန်ကုန်တိုင်းအခြေအနေက ကူးစက်မှုအကုန်လုံးခြုံပြောရင် ကျန် တိုင်းနဲ့ ပြည်နယ်တွေလိုပဲ ကျဆင်းတယ်။ ဒါပေမဲ့ Key Population (HIV ကူးစက်ခံရရန် အခွင့်အလမ်းများသူများ) လို့ခေါ်တဲ့ ဦးတည်အုပ်စုတွေမှာ လူနာအသစ်ကူးစက်ခံရနှုန်းက သိသိသာ သာမကျသေးဘူး။ သူတို့မှာတော့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ဖို့ လိုပါတယ်’’လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခုခံအားကျကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။

play

 

လူဦးရေ ခုနစ်သန်းကျော်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် ၅၅,၀၀၀ ခန့်ရှိပြီး တိုင်းဒေသကြီးအတွင်း အေအာရ်တီဆေးပေးထားတဲ့ လူနာဦးရေငါးသောင်းခန့်ရှိကာ တစ်နိုင်ငံလုံး အေအာရ်တီဆေးပေးထားမှုရဲ့ ၃၈ ရာခိုင်နှုန်း ရှိနေပါတယ်။

၂၀၁၆ ခုနစ် ခန့်မှန်းတွက်ချက်မှုတွေအရ  မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီပိုး ဖြစ်ပွားနေသူ ၂၂၀,၀၀၀ ခန့်ရှိပြီး မူးယစ်ဆေး အကြောထဲ ထိုးသွင်းမှုကနေ ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားတွေကနေ ၇ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူတွေကနေ ၁၃ ရာခိုင်နှုန်း ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။

HIV အသစ်ကူးစက်ခံရမှုက ၂၀၀၀ ပြည့်နှစ်မှာ လူဦးရေ ၃၅,၀၀၀ ရှိခဲ့တာကနေ ၂၀၁၆ မှာ တစ်သောင်းကျော်အထိ ကျဆင်းလာပြီး ၂၀၃၀ အကုန်မှာ အိတ်ခ်ျအိုင်ဗီပိုးကူးစက်မှု ကင်းဝေးတဲ့ အဆင့်ထိရောက်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos :  MSFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD