အသက် ၃ လကနေ ၁၇ နှစ်အထိ HIV ကလေးငယ်နဲ့မိဘမဲ့ကလေးငယ်တွေ နားခိုဖို့အတွက်စီစဉ်ထားတာပါ။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ရှိတဲ့ NAC HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာမှာ HIV ဝေဒနာရှင်ကလေးငယ်နဲ့ မိဘမဲ့ ကလေးတွေ နားခိုနိုင်မယ့် ကလေးဆောင်သစ်ကို နိုဝင်ဘာ ၁၀ ရက်ကနေ စတင်ဖွင့်လှစ်လိုက်ပြီလို့ ကမ္ဘောဇဘဏ်ရဲ့ နိုဝင်ဘာ ၁၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

NAC.jpg

Photo - NAC

 

အဆိုပါ အသစ်ဖွင့်လှစ်လိုက်တဲ့ ကလေးဆောင်မှာ အသက် ၃ လအရွယ်ကနေ အသက် ၁၇ နှစ်အရွယ်အထိ HIV ဝေဒနာရှင်ကလေးငယ်နဲ့ မိဘမဲ့ကလေးငယ်တွေ နားခိုဖို့အတွက် စီစဉ်ထားပြီး လိုအပ်တဲ့ ဆေးကုသစောင့်ရှောက်မှုတွေနဲ့ လုပ်ပေးသွားမယ်လို့ သိရပါတယ်။

ကလေးဆောင်သစ်ဖွင့်လှစ်နိုင်ဖို့အတွက်  ကမ္ဘောဇဘဏ်က လိုအပ်တဲ့ ငွေကြေးကို ကူညီထောက်ပံ့ခဲ့တာဖြစ်ပြီးတော့ သိန်း ၇၃၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

 

“အခု ဖွင့်လှစ်လိုက်တဲ့ ကလေးဆောင်သစ်ကနေ ဒီ ကလေးတွေအတွက် လိုအပ်တဲ့ ကုသမှုတွေ ဆက်ပြီး ခံယူနိုင်အောင်၊ တစ်ခြားကလေးတွေလိုပဲ မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တဲ့ အိပ်မက်တွေရှိအောင်နဲ့ ဘဝမှာ ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကျော်လွှားအံတုနိုင်အောင်၊ တန်းတူအခွင့်အလမ်းတွေ ပေးနိုင်တော့မှာဖြစ်လို့ ကျွန်တော်တို့ ကမ္ဘောဇဘဏ် အဖွဲ့သားတွေအားလုံး ဝမ်းသာပီတိ ဖြစ်နေကြပါတယ်” လို့ NAC ကလေးဆောင်အသစ် ဖွင့်ပွဲ အခမ်းအနားမှာ ကမ္ဘောဇဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် Mike DeNoma က ပြောကြားခဲ့ပါတယ်။

NAC HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာကို HIV/AIDS ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နိုင်ဖို့အတွက်  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ကာ၂၀၀၃ ခုနှစ်လောက်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း ငါးသောင်းကျော်ကို ပြုစုကုသပေးနိုင်ခဲ့ပြီးလို့သိရပါတယ်။

Share

Loading Next Article...
က္က