AD
AD
AD

လှိုင်သာယာ အမှိုက်ပုံမီးလောင်မှုကို အပြီးသတ်ငြိမ်းသတ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနဲ့ အကဲဖြတ်အဖွဲ့ ERAT ကပါဝင်ဆောင်ရွက်ပေးနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကနေ စတင်လောင်ကျွမ်းနေတဲ့ လှိုင်သာယာအမှိုက်ပုံမီးလောင်မှုဟာာ ဧပြီ ၂၇ ရက်နေ့မှာ Bio Foam   ဆေးရည်ကို အသုံးပြုပြီး မီးငြိမ်းသတ်နေတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံက အရေးပေါ်မီးသတ်ဌာနက အဆင့်မြင့်ပညာရှင်တွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။

play

 

တစ်ပါတ်ကျော်ကြာမြင့်ပြီးဖြစ်တဲ့ အဲ့ဒီမီးလောင်မှုကို လက်ရှိမှာ ကောင်းမွန်စွာထိန်းချုပ်နိုင်ပေမယ့် အပြီးသတ်မီးငြိမ်းသတ်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

အာဆီယံ အရေးပေါ် တုံ့ပြန်ရေးနဲ့ အကဲဖြတ်အဖွဲ့ ERAT မှာ စကာင်္ပူနိုင်ငံက အများပြည်သူဆိုင်ရာ ကာကွယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့က ကျွမ်းကျင်သူ မီးသတ်တပ်ဖွဲ့တွေအပြင် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

လှိုင်သာယာ မြို့နယ်က ဧက ၃၀၀ ကျော်ရှိတဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေမှုကို ငြိမ်းသတ်ဖို့ Bio Foam မိးသတ်ဆေးရည်ဂါလံ ၅၀၀၀ ကို ပြည်ပမှ ၀ယ်ယူနိုင်ဖို့အတွက် ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကနေပြီး  ကျပ်သိန်း ၃၄၀၀ ကို ရန်ကုန်တိုငးဒေသကြီးအစိုးရအဖွဲ့ကို လှုဒါန်းခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD