AD
AD
AD

ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍအတွက် အခြေခံအဆောက်အဦ တည်ဆောက်မှုမှာ ၁ ဒေါ်လာ ရင်းနှီးမြှပ်နှံပါက ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှုန်းဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ ၅ဒေါ်လာ အထိ တိုးတက်လာမယ်လို့ Huawei ရဲ့ ၂၀၁၇ တိုးတက်မှု အညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

play

 

Huawei ရဲ့ ထုတ်ပြန်ချက်ထဲမှာ သမရိုးကျ စီးပွားရေးလုပ်ငန်းများကို အသွင်ပြောင်းလဲပြီး အဆင့်မြှင်တင်ရာမှာ ဒစ်ဂျစ်တယ်နည်းပညာက ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အာရှပစိဖိတ်နိုင်ငံများမှာရှိတဲ့ ဈေးကွက်များ စတင်ချိန်က အသားတင် ထုတ်လုပ်မှုနှုန်း မြင့်တက်လာစေဖို့ အတွက် ထိုင်း ၊ ဘင်္ဂလားဒေ့ခ်ျ ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ မဟာဗျူဟာများကို ချမှတ်ဆောင်ရွက်ခဲ့တယ်လို့ လည်း ဖော်ပြခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာ လူငယ်များ ဒစ်ဂျစ်တယ် အသုံးပြုမှု အာမခံချက် အလားအလာရှိစေဖို့ အိမ်သုံး Broadband အင်တာနက်စနစ် ဖွံ ဖြိုးလာစေဖို့ လည်း Huawei ဟာ အာရှ ပစိဖိတ်ထွန်းသစ်စဈေးကွက်ဆိုင်ရာ အစည်းအဝေးမှာ အကြံပြုခဲ့ပါတယ်။

Huawei ဟာ မိုဘိုင်းဟန်းဆက်များတင် ထုတ်လုပ်နေတဲ့ နည်းပညာကုမ္ပဏီမဟုတ်ဘဲ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ အခြေခံ infrastructure တည်ဆောက်မှုပိုင်းမှာပါ အစိုးရအဖွဲ့ အစည်းများ ၊ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာများ အပါအဝင်

Source: 7Day Daily News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD