AD
AD
AD
play

 

ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကုသမှုအထောက်အကူပြု Tablet တွေပေးအပ်သွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။

ဒီနေ့ (ဇွန်လ ၁၄ ရက်) မနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇) ကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့သူ လူငယ်တစ်ဦးရဲ့မေးခွန်းနဲ့ ဆက်စပ်ပြီး အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

" ရှိသမျှ ရောဂါတွေအကုန်လုံး ဘယ်လိုကုသရမလဲဆိုတာ ဒီအထဲမှာပါတယ်၊ သားဖွား၊ သူနာပြု၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၁ ၂ တွေအဝေးကြီးမှာ အလုပ်လုပ်နေရတယ်။ အင်တာနက်မလိုဘူး၊ ဘာဖြစ်ဖြစ် ဒီမှာကြည့်လိုက်ရင်ရတယ်။ ၀န်ကြီးဌာနက အကုန်ထည့် ပေးထားမယ်၊ ဒါကိုပေးလိုက်ရင် တောကြိုတောင်ကြားမှာ တာဝန်ကျတဲ့ သားဖွားဆရာမတွေ ၀န်ကြီးနဲ့လည်း တိုက်ရိုက်ဆက်လို့ရတယ်၊ ၀န်ကြီးပြောချင်တာ၊ ညွှန်ချုပ်ပြောချင်တာ တခါတည်းပေးလိုက်ရင် တခါတည်းရောက်တယ်"လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အဆိုပါ Tablet တွေအတွင်း ကုသမှုဆိုင်ရာ အထောက်အကူပြုဆော့ဝ်လ်ထည်းသွင်းပေးထားမှာဖြစ်ပြီး ခွေးကိုက်၊ မြွေကိုက်စတဲ့ ရောဂါတွေ ကုသမှုနည်းလမ်းတွေအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ စာအုပ်တွေကိုလည်း ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

play

 

"ကုသမှုအထောက်ကူပြု Tablet တစ်သောင်းကျော်ဝယ်ဖို့ နိုင်ငံတော်ကနေ ပိုက်ဆံချထားပြီးသွားပြီ၊ ပိုက်ဆံလည်းရှိပါတယ်၊ မနက်ဖြန် သန်ဘက်ခါ တင်ဒါစခေါ်ပါမယ်။ ၁၅၀၀၀ လောက်ဝယ်မယ်၊ လှူဒါန်းမယ့် ကုမ္ပဏီတွေကနေလည်းအလုံး ၅၀၀ ရပါမယ်။ အသုံးပြုချင်းအားဖြင့် ၀န်ထမ်းတွေရဲ့အရည်အသွေးတက်လာမယ်လို့ ယုံကြည်တယ်။ တင်ဒါခေါ်ပြီးရင် ပစ္စည်းရောက်တာနဲ့ ဆော်ဖ်ဝဲထည့်ဖို့ အားလုံးအဆင် သင့်လုပ်ပြီးသွားပြီ။ လာမယ့်အပတ်မှာ တိုင်းနဲ့ပြည်နယ်ဦးစီးမှူး နှစ်ယောက်ကို အလုံး ၅၀၀ အရင်ပေးမယ်။ နောက်ထပ်လည်း ဆက်ပေးသွားမယ်"လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

အဆိုပါ အထောက်ကူပြုပစ္စည်းတွေကို ပြည်သူ့ကျန်းမာရေးလုပ်သားဖြစ်တဲ့ သားဖွား၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် အဆင့် ၁ နဲ့ ၂ ၊ ကျန်းမာရေးမှူးတွေကို ပေးအပ်သွားမှာဖြစ်ပြီး နောက်နှစ်မှာတော့ ဆရာဝန်တွေအဆင့်ထိ ပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့စာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် ၃၅၁၇၁ ဦးနဲ့ သူနာပြု ၃၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD