play

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပခုံးပေါ်က တာဝန်တွေဟာ များပြားလွန်းတယ်လို့ နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာ အဖွဲ့ကြီး(ICG) က သတိပေးလိုက်ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ ကြီးမားတဲ့ တာဝန်တွေအားလုံးပိနေပြီး  အစိုးရအဖွဲ့အောင်မြင်ရေးဟာ သူ့ရဲ့ တာဝန်ခွဲဝေပေးနိုင်စွမ်းအပေါ် မူတည်နေတယ်လို့ ကမ္ဘာတစ်ဝန်း ပဋိပက္ခတွေကို  တားဆီးဖြေရှင်းဖို့ လေ့လာသုတေသန ပြုလုပ်နေတဲ့ နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာ အဖွဲ့ကြီး (ICG)က သတိပေးထားတာဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အဆင့်မြင့်ကော်မတီတွေရဲ့ ဥက္ကဋ္ဌဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပခုံးပေါ်မှာ များပြားတဲ့ တာဝန်တွေ ပုံကျနေတာဖြစ်တယ်လို့ ICG က သုံးသပ်တင်ပြထားပါတယ်။

အစိုးရအဖွဲ့သစ်ဟာ အစပိုင်းမှာ ပြဿ     နာအချို့ရှိခဲ့ပေမဲ့ အမြင်အားဖြင့် အားတက်စရာကောင်းတယ်လို့လည်း သုံးသပ်ထားပါတယ်။

Source & Photos: 7Day Daily, ဟိန်းထက်/အီးပီအေ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video