play
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေရှ့်နယ်စပ်တွင် ကင်းလှည့်နေစဉ်။

 

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ရောက်ရှိခိုလှုံနေတဲ့ ဘင်္ဂါလီတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မူဆလင်မဟုတ်သူတွေအပေါ် တိုက်ခိုက်တာတွေ ပြုလုပ်လာဖွယ်ရှိရှိတယ်လို့ အပြည်ပြည်ဆိုင်ရာအကျပ်အတည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (International Crisis Group – ICG) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို News Watch သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

''မြန်မာနိုင်ငံမှ ဘင်္ဂါလီအကျပ်အတည်း အန္တရာယ်ရှိသည့် အခြေအနေသစ်တခုသို့ ဆိုက်ရောက်လာ''လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာကို ICG က ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစီရင်ခံစာမှာ ARSA အဖွဲ့က ရှင်သန်လှုပ်ရှားဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေ ထပ်လုပ်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

play

 

ARSA အဖွဲ့က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုပုံစံကို ပြောင်းလဲလာဖွယ်ရှိပြီး အခွင့်ရေးရလာရင် ရခိုင်ပြည်မြောက်ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက် လာနိုင်ပြီး ဘင်္ဂါလီရွာတွေမှာ ၀င်ရောက်အခြေချမယ့် မူဆလင်မဟုတ်သူတွေကလည်း လွယ်ကူတဲ့ ပစ်မှတ်ဖြစ်လာ လိမ့်မယ်လို့ အစီရင်ခံစာမှာ ဆက်လက်ဖော်ပြထားပါတယ်။

ဒီလိုတိုက် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာရင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတွေအကြား တင်းမာမှုတွေ မြင့်တက်လာနိုင်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့  ICG က သတိပေးထားပါတယ်။

Source : News Watch

Photos : Reuters,Mizzima

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video