play
ရန်ကုန်မြို့ရှိ ILBC ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။

 

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် ၁၆ ရပ်ကွက် သာယာရွှေပြည်လမ်းမှာရှိတဲ့ ILBC ကျောင်းက ကျောင်းကြို/ပို့ကားတွေ လမ်းပိတ်ဆို့မှုဖြစ်လို့ သင့်တော်တဲ့ နေရာကို ပြောင်းရွှေ့ပေးဖို့ အဆိုပါရပ်ကွက်နေ ပြည်သူ ၄၀ဝ ကျော်က တောင်းဆိုထားတယ်လို့ သိရပါတယ်။

ILBC ကျောင်း ကျောင်းဖွင့်ရက်တွေမှာ နေ့စဉ် မနက် ၈ နာရီကနေ ၁၀ နာရီအတွင်း တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီကနေ လေးနာရီအတွင်း တစ်ကြိမ် ကျောင်းကြို/ပို့ကားအစီးရေ ၅၀ဝ ကျော်ရှိပြီး လမ်းပိတ်ဆို့မှုဖြစ်နေတာကြောင့် ရန်ကုန်တိုင်း အစိုးရ၊ စည်ပင်နဲ့ မြို့နယ်ထွေ/အုပ်ထံ တိုင်ကြားပေမယ့် ထူးခြားမှုမရှိဘူးလို့ တောင်းဆိုသူတွေရဲ့ ကိုယ်စားဦးဖေမြင့်က ပြောပါတယ်။

 

“ကျောင်းက ကျွန်တော်တို့ရန်ဘက်လည်း မဟုတ်ဘူး။ စီးပွားပြိုင်ဘက်လည်း မဟုတ်ဘူး။ ရပ်ကွက်နေတဲ့သူတွေ အခက်အခဲဖြစ်နေလို့ ကျွန်တော်တို့ဒီလိုရှင်းလင်းတာပါ”လို့ စက်တင်ဘာလ ၄ ရက်က ရန်ကင်းမြို့နယ်မာလာမြိုင်လမ်း ပြည်သာယာဓမ္မာရုံမှာ ရပ်ကွက်နေ ပြည်သူတွေ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဖေမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရ၊ စည်ပင်နှင့်မြို့နယ်ထွေ/အုပ်အနေနဲ့ ဒီခုလထဲမှာ ပြေလည်အောင် မဖြေရှင်းမပေးနိုင်ရင် ရပ်ကွက်နေသူ ၄၀ဝ ကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးထံသို့ တိုင်ကြားသွားမှာဖြစ်ကာ ကျောင်းဖွင့်ခွင့်လိုင်စင်ကလည်း ဒီခုနှစ် ဇွန်လကတည်းက ကုန်ဆုံးနေတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

Source : The Voice

Photos :  youtube

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video