play
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်ပြန်နေကြသည့် NGO ၀န်ထမ်းများ။

 

ရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ INGOs အဖွဲ့ လေးဖွဲ့က ဒေသခံဝန်ထမ်းတွေရဲ့ အမည်စာရင်း ရရှိထားပြီး မှန်၊ မမှန်စိစစ်ကာ အရေးယူသွားမယ်လို့ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်က ပြန်လည်ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးရဲကင်းနဲ့ ရဲစခန်းစုစုပေါင်း ၃၀ ကို အစွန်း ရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေမှာ တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး တောင်ဘဇာရဲကင်းတိုက်ခိုက် ခံရမှုဖြစ်စဉ်မှာ INGOs လေးခုမှ ပြည်တွင်းဝန်ထမ်းတွေ ပါဝင်နေကာ သူတို့ရဲ့အမည်စာရင်းတွေကို ပြည်နယ်အစိုးရက ပေးပို့ထားတယ်လို့ သိရပါတယ်။

‘‘နာမည်စာရင်းတွေလည်း ကျွန်တော်တို့ကို ပေးထားပါတယ်။ အဲဒါတွေကိုလည်း မှန်၊မမှန်ပြန်စိစစ်နေတယ်။ တကယ်လို့ မှန်တယ်ဆိုရင် သက်ဆိုင်ရာ Focal Ministry (ထိတွေ့ဆက်သွယ်ဆောင်ရွက်သည့် ဝန်ကြီးဌာန) တွေနဲ့ MoU ထိုးထားတဲ့အဖွဲ့ တွေကနေတစ်ဆင့် ပြောသင့် ပြောထိုက်တာတွေ ပြောမယ်’’လို့  ဦးဇော်ဌေးက ပြောပါတတယ်။

play

 

ဒါ့အပြင် အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တာမှန်ကန်ခဲ့ရင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် မောင်တောဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်အတွင်း အကြမ်းဖက်သမားတွေ အခြေပြုခဲ့တဲ့နေရာတွေကနေ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP တံဆိပ်ပါ စွမ်းအားပြည့် ဘီစကွတ်မုန့်ထုပ်တွေကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

 

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေရရှိဖို့ တာဝန်ရှိသူတွေကို တင်ပြထားပြီး ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအ စီအစဉ်အနေနဲ့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ WFP က သတင်းထုတ်ပြန် ထားပါတယ်။

Source : 7DayDaily

Photos : Rakhine News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video