AD
AD
AD
play
ဦးကိုနီကို သေနတ်သမားကြည်လင်း လုပ်ကြံသတ်ဖြတ်ခဲ့စဉ်။

 

ဦးကိုနီကို လုပ်ကြံသူက အင်းစိန်ဦးအောင်စိုး ဖြစ်တယ်လို့  မိုင်းဖြတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ရုံးချိန်မှာ ပြောဆိုခဲ့တာအတွက် ဦးလင်းဇော်ထွန်းက ဦးအောင်စိုးကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

"ဒီနေ့လာတာ သူ့ကိုတခုခုပြင်းပြင်းထန်ထန်ပြောဆိုလုပ်ကိုင်ဖို့လာတာ၊ ဒါပေမယ့် သူကကိုယ့်ကို CID က ရဲအရာရှိတစ်ယောက်ရဲ့ရှေ့မှာ အကြိမ်ကြိမ်အခါခါတောင်းပန်တယ်။ သတင်းထောက်နှစ်ဦးလည်း သက်သေပါတယ်။ သူ့ရဲ့ပုံစံက တကယ်စိတ်ရင်းနဲ့ အထပ်ထပ်အခါခါ တောင်းပန်တဲ့အတွက် ပြင်းပြင်းထန်ထန်ဘာမှ ပြန်မပြောဖြစ်တော့ဘူး၊ လိုအပ်ရင်တရားရုံးမှာ ပြန်လည်ထွက်ဆိုပေးမယ်လို့လည်းပြောပါတယ်"လို့ အင်းစိန်အောင်စိုးက ပြောပါတယ်။

play
အင်းစိန်အောင်စိုး။

 

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု အမှု ၄၉ ကြိမ်မြောက် ရုံးချိန်းမှာ ပြန်ခေါ်သက်သေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ကြည်လင်းရဲ့ ရှေ့နေရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဦးကိုနီကို သေနတ်ပစ်တာ အောင်စိုးလို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ဇန်န၀ါရီလ ၂၉ ရက် ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်ကနေ ပြန်လာတဲ့ NLD ပါတီ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမား ကြည်လင်းကသေနတ်နဲ့ အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD