AD
AD
AD

မြန်မာကို ကမ္ဘာက ပိုသိအောင် international community ရောက်ရှိဖို့ ဆောင်ရွက်ဖို့လိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သဘာဝခရီးသွားအမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးမှာေ ပြာကြားလိုက်ပါတယ်။

play

photo-Myanmar State Counsellor office

တရုတ်၊ကိုရီးယားအပြင် အခြားနိုင်ငံတွေကိုပါ ဗီဇာကင်းလွတ်ခွင့်ပေးသင့်ပြီးတော့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအမွေအနှစ်တွေ၊ တောတောင်ရေမြေသဘာဝအလှအပတွေ၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ရိုးရာတွေနဲ့ အစားအစာ၊လည်ပတ်စရာတွေ ဆွဲဆောင်မှုများတာကြောင့်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ခရီးစဉ်ဖြစ်ဖို့လိုတယ်လို့ ပြောကြားခဲ့တာပါ။

နိုင်ငံတော်အနေနဲ့လည်း တက်နိုင်တဲ့အပိုင်းက ရန်ပုံငွေအထောက်အပံ့ပေးဖို့ ကူညီမှာဖြစ်ပြီး အသင်းအဖွဲ့တွေအနေနဲပလည်း ငွေကြေးစုဆောင်းပြီး မြှင့်တင်တာတွေ၊ ဈေးကွက်ရှာဖွေတာတွေကို ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ခရီးသွားတွေ ရောက်ရှိချိန်ကနေ ထွက်ခွာချိန်အထိ အဆင်ပြေစွာ၊စိတ်ချမ်းမြေ့စွာလည်ပတ်နိုင်ဖို့ နိုင်ငံတွင်း ပြင်ဆင်ရမယ့် လုပ်ငန်းတွေကို စီစဉ်ပေးဖို့ လိုတယ်လို့ လည်းပြောကြားခဲ့ပါတယ်။

World Travel and Tourism Concil ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေးတိုးတက်မှုက ၂၀၁၈ မှာ ဆက်လက်တည်ရှိပြီး  ၂၀၂၀ မှာာ တစ်ကမ္ဘာလုံးခရီးသွားသူပေါင်း ၁ဒသမ ၆ ဘီလျံရှိလာမှဖြစ်ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေကို ၁၂၃ သန်းခန့်လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း သြဂုတ်လကစလို့ တရုတ်၊ဂျပန်၊ကိုရီးယားနိုင်ငံက ခရီးသွားတွေကို ဗီဇာမလိုဘဲ သွားလာခွင့်ပြုထားတာဖြစ်ပြီးတော့ ထုတ်ပြန်သတ်မှတ်လိုက်တဲ့ show money ဒေါ်လာ တစ်ထောင်ကို လည်း တစ်နှစ်ဆိုင်းငံ့ပေးလိုက်တာဖြစ်ပါတယ်။

့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးကို လေးကြိမ်မြောက်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD