Local News: ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အလုပ်အကိုင်ပြပွဲတစ်ခု JobNet Myanmar မှ ကျင်းပသွားမည်

ပြည်တွင်း ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင်များမှလည်း ဟောပြောသွားမှာပါ။

ပြည်တွင်းမှာ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး JobNet Banking & Finance Career Conference ပွဲကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ဆီဒိုးနားဟိုတယ်မှာ မနက် ၉ နာရီကနေ ညနေ ၅ အထိ ကျင်းပသွားမယ့် ဒီပွဲမှာ ပြည်တွင်း ထိပ်တန်းဘဏ်များ ဖြစ်တဲ့ CB ၊ UAB ၊ MAB နဲ့ Yoma bank တို့ မှ Banking/Accointing Finance နယ်ပယ်ရှိ ပရော်ဖက်ရှင်နယ်များကို အလုပ်ခေါ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြည်တွင်းဘဏ်များအပြင် နာမည်ကြီး ကုမ္ပဏီများ ဖြစ်တဲ့ J-SAT ၊ MyWorld နဲ့ Deloitte တို့ မှလည်း လစာကောင်းမွန်တဲ့ ရာထူးမြင့် အလုပ်အကိုင်များကို ခေါ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

JobNet Banking & Finance Career Conference ပွဲဟာ အလုပ်အကိုင် သက်သက်တင်မဟုတ်ဘဲ ပြည်တွင်း ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင်များလည်း ဘဏ်နဲ့ ငွေကြေးဆိုင်ရာ အလုပ်အကိုင် ဗဟုသုတများလည်း ဟောပြောသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ GIZ မှ ဘဏ်နှင့် ငွေကြေးဆိုင်ရာအကြီးတန်း နည်းပညာကျွမ်းကျင်သူ ဦးစံသိန်း ၊ United Amara Bank မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းနဲ့ Myanmar Tourism Bank မှ အထွေထွေမန်နေဂျာ ဦးဇော်သူတို့ မှလည်း ဘဏ်နှင့် ငွေကြေးဆိုင်ရာသိကောင်းစရာများကို ဗဟုသုတရဖွယ်ဆွေးနွေး ဟောပြောသွားမယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ မှာပဲ JobNet ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Sales နဲ့ Marketing ပိုင်း အလုပ်အကိုင်ပြပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ပြည်တွင်း ထိပ်တန်း ကုမ္ပဏီ ၃၀ ကျော်က အလုပ်အကိုင်ပေါင်း ၁၀၀၀ ကျော်ခေါ်ဆိုသွားတဲ့ ဒီပွဲမှာ အလုပ်အကိုင်ရှာဖွေသူပေါင်း ၃၀၀၀ ခန့် အထိ တက်ရောက်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ