AD
AD
AD

ကမ္ဘောဇဘဏ် (KBZ Bank) က ၎င်းရဲ့ အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှု (iBanking) အသုံးပြုသူများကို လုံခြုံရေးဆိုင်ရာ သတိပေးချက်တစ်ခုကို ယနေ့ (မေလ ၂၆ ရက်) မွန်းလွဲပိုင်းမှာ ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

play


ကမ္ဘောဇဘဏ်ရဲ့ တရားဝင် Facebook page မှာ ထုတ်ပြန်ထားတဲ့ အသိပေးချက်အရ လတ်တလောကာလအတွင်း မသမာသူများက ကမ္ဘောဇဘဏ်နဲ့ ဆင်တူရိုးမှား Facebook အတု၊ ဝက်ဘ်ဆိုက်အတုများ ဖန်တီးပြုလုပ်ကာ iBanking အသုံးပြုသူများထံမှ Username နဲ့ Password (အသုံးပြုသူအမည်နဲ့ စကားဝှက်) တို့ကို လုံခြုံရေးစစ်ဆေးရန် အကြောင်းပြချက်ဖြင့် တောင်းခံနေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

play


ကမ္ဘောဇဘဏ်အနေနဲ့ အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်များကို တန်ဖိုးထားလေးစားပြီး အသုံးပြုသူများ လုံခြုံမှုအတွက် မည်သည့်အခါမျှ Username နဲ့ Password ကို တောင်းခံခြင်းမပြုကြောင်း ဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် iBanking အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ Username နဲ့ Password ကို မည်သူ့ကိုမျှ အသိပေးပြောကြားခြင်းနဲ့ မျှဝေပေးခြင်း မပြုလုပ်ကြရန်လည်း ကမ္ဘောဇဘဏ်က အကြံပြုထားပါတယ်။

play


ထို့အတူ ကမ္ဘောဇဘဏ်၏ တရားဝင် Website လိပ်စာ www.kbzbank.com နဲ့ Facebook page ဖြစ်တဲ့ www.facebook.com/kanbawzabank မှ လွဲပြီး အခြား ဆင်တူရိုးမား ဝက်ဘ်ဆိုက်နဲ့ Facebook page များမှ သတင်းအချက်အလက်များမှာ မသမာသူများက ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော သတင်းအချက်အလက်များ ဖြစ်တာကြောင့် အထူးသတိပြုစေလိုကြောင်းလည်း အဆိုပါဘဏ်ရဲ့ ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

iBanking အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ Username နဲ့ Password ကို တစ်စုံတစ်ဦးအား အသိပေးမျှဝေခဲ့ပါက Account လုံခြုံရေးအတွက် Username နဲ့ Password များ အလျင်အမြန် ပြောင်းလဲကြရန် ကမ္ဘောဇဘဏ်က ၎င်းတို့ရဲ့ တရားဝင် Facebook page မှာ တိုက်တွန်းထားပါတယ်။

play

 
ထိုသို့ Password ပြောင်းလဲရာမှာ အခက်အခဲရှိပါက ibanking.support@kbzbank.com သို့ ဆက်သွယ်ပြီး ယာယီ Account ပိတ်ခြင်း ပြုလုပ်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။ iBanking အသုံးပြုသူများ လိုက်နာသင့်တဲ့ လုံခြုံရေးဆိုင်ရာ အကြံပြုချက်ကို https://ibanking.kbzbank.com/B001/securitytip.html မှာ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရပါတယ်။

ဘဏ်ရဲ့အသိပေးအကြောင်းကြားမှုမှာ ဆင်တူရိုးမှား ဖန်တီးပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်နဲ့ Facebook page တိုကို့တော့ ဖော်ပြထားခြင်း မရှိပါဘူး။ ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကမ္ဘောဇဘဏ်ဟာ ယခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲ ၅၀၀ ဖွင့်လှစ်ထားပြီး အလိုအလျောက်ငွေထုတ်ယူစက် (ATM) ၁,၀၀၀ ကျော် တပ်ဆင်ထားကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD