Local News: တပ်မတော်ရိက္ခာပို့ ယာဉ်တန်းကို KIA နဲ့ TNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ တပ်မတော်သားတစ်ဦး ဒဏ်ရာရ

နိုဝင်ဘာလ ၃၀ ရက် မနက် ၃ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာပါ။

play
မိုင်းခွဲမှုကြောင့် ပျက်စီးသွားသည့် ဆွမ်လုံတံတားကို တွေ့ရစဉ်။

 

မူဆယ်မြို့နယ်ထဲမှာ တပ်မတော်ရိက္ခာပို့ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၃၀ ရက် မနက် ၃ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကွတ်ခိုင်မြို့ကနေ ရိက္ခာပို့ဖို့ ထွက်ခွာလာတဲ့ တပ်မတော်ယာဉ်တန်း မူဆယ်မြို့နယ် ဆွမ်လုံကျေးရွာနားက ဆွမ်လုံတံတားကို ရောက်လာတဲ့အချိန်မှာ KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့ အင်အား ၃၀ လောက်က တံတားကို မိုင်းခွဲဖျက်ဆီးပြီး ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

play

 

လက်နက်ကိုင်တပ်ဖွဲ့တွေကို တပ်မတော်က ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ မနက် ၆ နာရီလောက်မှာ အနောက်ဘက်ကို ဆုတ်ခွာထွက်ပြေးခဲ့ပြီး တိုက်ပွဲဖြစ်စဉ်မှာ တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိကာ KIA၊ TNLA လက်နက်ကိုင်အဖွဲ့ဆီကနေ RPG ဒုံးပစ်လောင်ချာတစ်လက်၊ ဒုံးသီးတစ်လုံး၊ M-22 ကျည်အိမ်တစ်ခုနဲ့ ယင်းကျည် အတောင့် ၃၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားကြမ်းခင်း ၁၀ ပေလောက် ပေါက်ထွက်ပျက်စီးခဲ့ကာ တံတားလက်ရန်း အနည်းငယ်ပျက်စီးခဲ့ပြီး မနက် ၁၀ နာရီခွဲမှာ ဆွမ်လုံတံတားကို တပ်မတော်စစ်ကြောင်း က ယာယီပြင်ဆင်ခဲ့လို့ မော်တော်ယာဉ်တွေ တစ်စီးချင်းစီ ပြန်လည်ဖြတ်သန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Ye Thiha Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ