Local News: KIA ၊ TNLA နဲ့ MNDAA ပူးပေါင်းအဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ကုန်တင်ယာဉ်ကို လက်နက်ငယ်၊ လက်ပစ်ဗုံးတို့နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

play

 

နိုဝင်ဘာလ ၂၂ ရက် မနက် ၈ နာရီခန့်က နမ့်နိုင်မြို့ကနေ ကွတ်ခိုင်မြို့ ကိုထွက်ခွာလာတဲ့ ယာဉ်ကြီးယာဉ်ငယ် ၁၈ စီးကို ယာဉ်မောင်တွေမရှိဘဲ ပိတ်ဆို့ရပ်တန့်ထားပြီး ကားသွားလာလို့မရအောင် ပိတ်ဆို့ထားလို့ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

play

 

လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ်အရွယ်  အမျိုးသားတစ်ဦး(အမည်နှင့်နေရပ်စိစစ်ဆဲ)က နစ်ဆန်း ၁၂ ဘီးကားခေါင်းပေါ်မှာ နဖူးကျည်ဆန်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

play

 

ဒါ့အပြင် ပူးပေါင်းအဖွဲ့တွေက မန္တလေးကနေ မူဆယ်ကို ဖရဲသီးတွေ တင်ဆောင်မောင်းနှင်လာတဲ့ ခြောက်ဘီးကုန်တင်ယာဉ်ကို နားဝိုင်ကျေးရွာအုပ်စု စဖြူးကျေးရွာနားမှာ မော်တော်ယာဉ်ကို ကန့်လန့်ဖြတ်ရပ်ခိုင်းပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ကို ထွက်ပြေးခိုင်းကာ ကုန်တင်ယာဉ်ကို လက်နက်ငယ်၊ လက်ပစ်ဗုံးတို့နဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Source & Photos : State Counsellor Office Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ