play
၂၀၁၆ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်။

 

လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၀ နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဘောလုံးပွဲပြသလို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ပြောကြားမယ့် အဆိုပါမိန့်ခွန်းကို အင်္ဂလိပ်လို ပြောကြားသွားမှာဖြစ်ကာ မြန်မာစာတန်းထိုးမပါဝင်ဘဲ နောက်မှ တရားဝင် ထုတ်ပြန်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတွေနဲ့ နိုင်ငံတကာ သံတမန်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ခံရမှုကိစ္စတွေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သွားမတက်ဖြစ်တဲ့ အကြောင်းတွေကိုလည်း ရှင်းပြမယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆစုကြည်၏ မိန့်ခွန်းပြောကြားတာကို မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာလည်း LED ဘုတ်နဲ့ ပြသမှာဖြစ်ပြီး မြန်မာဘာသာပြန်လည်း ထည့်သွင်းပေးသွားမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

Photo : UN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video