မိနစ်အနည်းငယ်မှာမီးထိန်းခဲ့ပါတယ်။

ရန်ကုန်မြို့ လသာ ၁၉ လမ်းမှာ level 1 အဆင့်ရှိတဲ့ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


44038356_2272511689555558_5632308090637385728_n.jpg

မီးလောင်မှုမြင်ကွင်း

 

အနော်ရထာလမ်းနဲ့ မဟာဗန္ဒုလလမ်းအကြား ၆ ထပ်အဆောက်အဦးမှာမီးလောင်မှုဖြစ်ပွားနေတာဖြစ်ပြီးတော့ မီးလောင်ကျွမ်းမှုက နေ့လယ် ၂ နာရီဝန်းကျင်မှာစတင်ဖြစ်ပွားတယ်လို့ ဆိုပါတယ်။

“ နေ့လယ်ပိုင်းက ဖြစ်တာ။မီးခိုးတွေတော့များတယ်။ သိပ်မကြာခင်မီးငြိမ်းတယ်လို့တော့ ကြားပါတယ်။ ” လို့ လသာမှာနေထိုင်တဲ့ ဝန်ထမ်းဖြစ်သူမနေဇာက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးပြီးချင်း ၂ နာရီနဲ့ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က