Local News: ရန်ကုန်လေဆိပ်မှာတွေ့တဲ့ M-150 ပုလင်းတွေက ဒဏ်ကျေဆေးတွေ ဖြစ်နေ

ဖယောင်းနဲ့ အဆီတို့ရောစပ်ထားတဲ့ ဒဏ်ကျေလိမ်းဆေး အဆီတွေဖြစ်တယ်။

play

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ရှိ ဂိတ်ပေါက် (၃)အနီးမှာ တွေ့ခဲ့တဲ့  M-150 အချိုရည်ပုလင်းလေးလုံးဟာ  ဖယောင်းနဲ့ အဆီတို့ ရောစပ်ထားတဲ့ ဒဏ်ကျေလိမ်းဆေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က လေယာဉ်လက်မှတ် အရောင်းကောင်တာဘေးမှာ  ကြွပ်ကြွပ်အိတ်အစိမ်းရောင်တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိရတာကြောင့် အထူးမိုင်းရှင်းလင်းရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက သွားရောက်ရှင်းလင်းရာမှာ ကြွပ်ကြွပ်အိတ်ထဲ M-150 အချိုရည်ပုလင်း လေးလုံးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ M-150 အချိုရည် ပုလင်းလေးလုံးကို လုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းပြီး စစ်ဆေးတဲ့အခါမှာ ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်း မပါရှိဘဲ  ဖယောင်းနဲ့ အဆီတို့ရောစပ်ထားတဲ့ ဒဏ်ကျေလိမ်းဆေး အဆီတွေဖြစ်ကြောင်း ပဏာမစစ်ဆေးချက်အရ သိရှိရတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

 အချိုရည် ပုလင်းတွေကို အထူးမိုင်းရှင်းလင်းရေးအဖွဲ့တွေက စနစ်တကျ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ရန်ကုန်လေဆိပ်အတွင်း နေရာတွေမှာ အသေးစိတ် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းနဲ့ အကြမ်းဖက်သောင်းကျန်းသူတွေက ပြည်သူလူထု ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေဖို့  ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ