စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၅၄၀ အထိပေးသွားမှာပါ။

Ooredoo ရဲ့ ဒစ်ဂျစ်တယ်ငွေချေအက်ပလီကေးရှင်း M-Pitesan သုံးသူများအတွက် နေ့စဉ် နဲ့အပတ်စဉ် ငွေသားဆုပေးသွားမယ့် အစီအစဉ်သစ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

 

M-Pitesan အက်ပလီကေးရှင်း သုံးသူများအနေနဲ့ဒီဝန်ဆောင်မှုကနေ တစ်ဆင့် ငွေသွင်း ၊ ငွေထုတ်ခြင်း ၊ M-Pitesan ဝန်ဆောင်မှုသုံးသူချင်း ဖြစ်စေ M-Pitesan အကောင့်မရှိသူများကို ဖြစ်စေ ငွေလွဲှငွေပို့ခြင်း ၊ CB ဘဏ်ကနေ M-Pitesan အကောင့်ထဲ ငွေလွဲှထည့်ခြင်း ၊ Ooredoo brand shop တွေမှာ Ooredoo ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ငွေပေးချေနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေ သုံးနိုင်မှာပါ။

M-ပိုက်ဆံဝန်ဆောင်မှုကို သုံးမယ့်သူဟာ Ooredoo ဖုန်းနံပါတ်တစ်ခုနဲ့စားရင်းသွင်းပြီး နီးစပ်ရာ Ooredoo ရဲ့ M-ပိုက်ဆံကိုယ်စားလှယ်များဆီမှာ ကိုယ်ထည့်ချင်သလောက် ငွေဖြည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ဒီဝန်ဆောင်မှုကို သုံးဖို့M-ပိုက်ဆံ အက်ပလီကေးရှင်းကို ကိုယ့်ဖုန်းမှာ Install သွင်းဖို့*977# ကို ဖုန်းခေါ်ပြီး ဖြစ်စေ Google Play Store နဲ့App Store များကဖြစ်စေ ဒေါင်းလုပ်ဆွဲပြီး သွင်းထားရမှာပါ။

 

ယခုငွေသားဆုမဲအစီအစဉ်မှာတော့ M-Pitesan သုံးသူများထဲမှ နေ့စဉ်ကံထူးသူ အယောက် ၂၀၀ ရွေးချယ်သွားမှာ ဖြစ်ပြီး နေ့စဉ်ဆုငွေအနေနဲ့ ၂,ဝဝဝ ကျပ်၊၅,ဝဝဝ ကျပ်၊ ၁ဝ,ဝဝဝ ကျပ်ကနေ အမြင့်ဆုံး ၅၀၀၀၀ ကျပ်အထိ ပေးအပ်သွားမယ်လို့ဆိုပါတယ်။ အပတ်စဉ် ငွေသားဆုကြီးကတော့ တစ်ပတ်ကို ကံထူးရှင် ၁ ဦးရွေးချယ်မှာ ဖြစ်ပြီး ကံထူးသူဟာ ငွေကျပ် ၅၀၀၀၀၀ ရမှာဖြစ်ပါတယ်။ စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း ၅၄၀ အထိ ရှိမယ့် ယခုအစီအစဉ်ကာလကတော့ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂ဝ၁၈ ဇန်နဝါရီလ ၁၃ ရက်အထိ တစ်လကြာမြင့်မယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က