AD
AD
AD

play

 

ဇွန်လ ၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်က ပြည်လမ်းမှာရှိတဲ့ Market Place ဈေးဝယ်စင်တာရဲ့ ပထမထပ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါဈေးဝယ်စင်တာ ပထမထပ်ရှိ Hong Bao Dimsum House က စက်တင်ဘာလအတွင်းမှာ ပိတ်သိမ်းခဲ့ပြီး ပြန်လည်ပြင်ဆင် အပ်နှံဖို့အတွက် အလုပ်သမား ၁၃ ဦး အလုပ်လုပ်ကိုင်နေရာ Extension ကြိုးခွေအသုံးပြုပြီး လက်ကိုင်ဖုန်းကို အားသွင်းနေစဉ်မှာ မီးကြိုးခွေကနေ ၀ိုင်ယာရှော့ဖြစ်တာကနေ စားသောက်ဆိုင်တန်းတွေကို ပို့လွှတ်ထားတဲ့ ဂတ်စ်ပိုက်လိုင်းက တစ်ဆင့်မီးကူးစက်ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

play

 

ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဆိုင်အတွင်း အလုပ်လုပ်ကိုင်လျက်ရှိတဲ့ ကျော်စိုးမိုးပါ (၈)ဦးတို့က ခန္ဓာကိုယ်မှာ မီးအပူလောင်ဒဏ်ရာတွေ ရရှိခဲ့လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာတွေအဖြစ် တင်ပို့ဆေးကုသမှုခံခဲ့ရတယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အခင်းဖြစ်ပွားတဲ့ အဆောက်အအုံအတွင်းရှိ မျက်နှာကျက်တွေမှာ သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်း
တွေရှိနေခဲ့ပြီး မြေအောက်ထပ်ရှိ Gas အိုးတွေထားရှိတဲ့ မိန်းနေရာကို အချိန်မီပိတ်နိုင်ခဲ့လို့ ပျက်စီးမှုနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးဆောင်ရွက်မှုတွေဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး လှိုင်ရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD