ဇူလိုင်လ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။
Sponsored bylogo

စွန့်ဦးတီထွင် အောင်မြင်လိုသူများအတွက် လုပ်ငန်းဈေးကွက်ကို Social Media အသုံးပြုပြီး ဘယ်လိုချဲ့ထွင်မလဲ ဆိုတဲ့ Duwun Talks စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လဆန်းမှာ ကျင်းပပေးသွားမယ်လို့သိ ရပါတယ်။

Chivas The Venture ရဲ့ အဓိက ကူညီပံ့ပိုးပေးမှုနဲ့ ပြုလုပ်မယ့် ဒီ Duwun Talks ဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၂ ရက်နေ့ကျရင် Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။



ဇူလိုင်လဆန်းမှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ ယနေ့ လူအများစု အသုံးပြုနေတဲ့ လူမှုကွန်ယက်ကို အသုံးချပြီး လုပ်ငန်းတွေအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ အတွေ့အကြုံရှိပြီးသူတွေက ပြန်လည်မျှဝေ ဆွေးနွးကြမှာဖြစ်ပါတယ်။ Chivas The Venture က ပံ့ပိုးပေးထားတဲ့ Duwun Talks စကားဝိုင်းကို "Entrepreneurial Success with Social Media Marketing" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ Moderator အဖြစ် PR 9 Digital Marketing ရဲ့ ပူးတွဲတည်ထောင်သူ ဒါရိုက်တာ နေသာ@ စိုးညီညီထွန်းက တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

Entrepreneurship : The Stories (Dreams into Reality Duwun Talks မြင်ကွင်း



ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ KBZ တစ်နှစ်တာစွန့်ဦးတီထွင်သူဆုရရှိထားပြီး Zenith Group of Companies ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဒေါက်တာသိန်းနိုင်၊ Make-up Artist & Blogger (Yangon In My Heart) နဲ့ UNT Studio ရဲ့ Co-Founder မဝင်းမင်းသန်း ၊ KL Seven Car Sales Centre တည်ထောင်သူ နဲ့ MAMDA (Yangon) ရဲ့ဒုဥက္ကဌ ကိုကြည်သာဟန်တို့ ဖြစ်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်း စတင်လုပ်ကိုင်လိုသူတွေ၊ လုပ်ငန်းရှိပြီးသား  လုပ်ငန်းရှင်တွေအတွက် လူမှုကွန်ယက်ကို အသုံးချခြင်း အတွေ့အကြုံတွေကို ဆွေးနွေးမျှဝေကြမှာ ဖြစ်ပါတယ်။

Entrepreneurship : The Stories (Dreams into Reality Duwun Talks မှာ ပါဝင်ဆွေးနွေးဟောပြောခဲ့သူများ



ဒီဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး ရန်ကုန်မြို့ အလံပြဘုရားလမ်းမှာရှိတဲ့ Park Royal ဟိုတယ်ရဲ့ Ballroom မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Duwun Talks စကားဝိုင်းဆွေးနွေးပွဲတွေကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Entrepreneurship Journey: Overcoming the Odds to Win, Entrepreneurship : The Stories (Dreams into Reality), BRANDING in the world of Entrepreneurship  စတဲ့ ခေါင်းစဉ်တွေနဲ့လည်း ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပြီးပြီဖြစ်ပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး ဆွေးနွေးပွဲကို ညနေ ၃း၃၀ နာရီကနေ ၆း၀၀ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က