AD
AD
AD

ရန်ကုန်မြို့၊ ပြည်လမ်း ခြောက်မိုင်ခွဲမှာရှိတဲ့ Marketplace ဈေးဝယ်စင်တာမှာ ဇွန်လ ၂ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play


ဈေးဝယ်စင်တာ ပထမထပ်မှာရှိတဲ့ စားသောက်ဆိုင်ဟောင်းတစ်ခုမှာ ဂတ်စ်ယိုစိမ့်မှုကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် အဆိုပါ နေရာမှာရှိနေခဲ့တဲ့ လုပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဇွန်လ ၂ ရက် ညကိုးနာရီခွဲဝန်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


“ညကိုးနာကျော်၊ ကိုးနာရီခွဲလောက်မှာ ဖြစ်တာပေါ့၊ အရင်စားသောက်ဆိုင်ကို ပိတ်ထားပြီး ဆိုင်ပြန်ဖျက်နေတာပါ။ ဆိုင်က ပိတ်ပြီးသွားပါပြီ၊ ပေါက်တဲ့အချိန်မှာ ဆိုင်ပြန်ဖျက်နေတဲ့ အလုပ်သမားတွေရှိပါတယ်၊ ဒဏ်ရာရသွားတာ လေးယောက်လောက်ရှိမယ်ထင်တယ်၊ အရေပြားတွေ လန်ကုန်တာပေါ့” လို့  အခင်းဖြစ်ရာနေရာမှာ တာဝန်ကျနေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

play


“ဒါက စားသောက်ဆိုင်အတန်း၊ ဒီဆိုင်က ဖျက်နေတာ၊ ထိသွားတဲ့ ကလေးတစ်ယောက် ပြောတာကတော့ အဲဒီပိုက်လိုင်းကနေ ဂတ်စ်တွေထွက်လာတယ်ပေါ့၊ ပြီးတော့မှ မီးထလောင်တာ၊ ဒဏ်ရာရသူက အရေအတွက်ကတော့ လောလောဆယ် စစ်ဆေးနေတုန်းပဲ၊ လေးယောက်မကနိုင်ဘူး” လို့ အခင်းဖြစ်ရာနေရာမှာ ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

“ဆိုင်ကိုပိတ်သိမ်းပြီး ပြန်အပ်နေတဲ့အချိန်ပေါ့၊ ဆိုင်ရှင်င်ကို ပြန်အပ်ဖို့ ဆိုင်ဖျက်နေတဲ့အချိန်မှာ ဖြစ်တာပေါ့” လို့ အဆိုပါ ရဲအရာရှိက Duwun ကို ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD