ဇွန်လ (၂၃)ရက်နေ့နဲ့ (၂၄) ရက်နေ့အထိ ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
 

မင်္ဂလာဆောင်ကြမယ့် စုံတွဲလေးတွေအတွက် အကောင်းဆုံး လမ်းညွှန်မှုတွေ ပေးနေတဲ့ marry.com.mm website က ကျင်းပမယ့် Eternal Flame of Love ပွဲကြီးကို လာမယ့် ဇွန်လ (၂၃)ရက်နေ့နဲ့ (၂၄) ရက်နေ့အထိ ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲကြီးမှာ လာရောက် ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းပေါင်း (၄၀) ကျော်ကို ဝင်ရောက်လေ့လာရုံနဲ့  ကိုယ့်ရဲ့ မင်္ဂလာပွဲအတွက် အကောင်းဆုံး အကြံဉာဏ်တွေကို ရရှိနိုင်မယ့်အပြင် အကောင်းဆုံး ဝန်ဆောင်မှုတွေကို အသက်သာဆုံး ဈေးနှုန်းတွေနဲ့ပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင်  စုံတွဲတွေအနေနဲ့ လတ်တလောမှာ ရေပန်းစား နာမည်ကြီးနေတဲ့ ဒီဇိုင်နာ (၄)ဦးနဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင် နှစ်ဦးတို့ ပူးပေါင်းဖန်တီးထားတဲ့ အလှဆုံးသော သတို့သမီးအပြင်အဆင်တွေကို တွေ့ရဦးမှာပါ။

 

ပွဲကြီးအတွင်း အခမဲ့ မိတ်ကပ်လိမ်းခြယ် အလှပြင်ခွင့် ၊ မင်္ဂလာဝတ်စုံတွေကို အခမဲ့ ဝတ်ဆင်ခွင့်နဲ့ အလှဆုံးသော Pre Wedding ဓာတ်ပုံတွေကို အခမဲ့ ရရှိနိုင်မယ့် အခွင့်အရေးတွေကိုလည်း လာရောက်စာရင်းပေးသွင်းတဲ့ သူတိုင်းရရှိနိုင်မှာ ဖြစ်ပါတယ်။

အထူးအစီအစဉ်အနေနဲ့ လက်ထပ်လက်စွပ် (၂)စုံကိုလည်း မဲဖောက်ပေးဦးမှာ ဖြစ်ရုံမက ဒီပွဲမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေမှာ ဝယ်ယူထားတဲ့ ဘောက်ချာတစ်စောင်ပြတိုင်း လက်ဆောင်တစ်ခုရမယ့် အခွင့်အရေးတွေလည်းရရှိမယ့်အပြင် Melia Hotel က ပေးမယ့် ကံစမ်းမဲ အစီအစဉ်တစ်ခုဖြစ်တဲ့ ဘာလီကိုငါးရက်တာ ဟန်းနီးမွန်းထွက်ခွင့်လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲကြီးကိုတက်ရောက်နိုင်ဖို့ ဖုန်းနံပတ် 09 760 8989 22 ကို ရုံးချိန်အတွင်း ခေါ်ဆိုပြီးစာရင်းသွင်းနိုင်တဲ့အပြင် http://bit.ly/2kPx52D လင့်ကနေတဆင့်လည်း  Register လုပ်ပြီးစာရင်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က