သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးဝယ်ယူရမှာဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံသားများဘဏ်က (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေး နှစ်အတွက် ရရှိတဲ့ အမြတ်ငွေအနေနဲ့ ရှယ်ယာရှင်တွကို ရှယ်ယာ တစ်စုလျှင် အမြတ်ငွေ ၂၀၀ ကျပ်နှုန်းခွဲဝေပေးသွားမယ်လို့ သိရပါတယ်။



Photo - MCB



 

မြန်မာနိုင်ငံသားများဘဏ်ရဲ့ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မူလအစုရှယ်ယာတစ်စုကို အမြတ်ဝေစုအဖြစ် ကျပ် (၂၀၀) ခံစားခွင့်ပေးတာဖြစ်တယ်လို့သိရပါတယ်။



မြန်မာနိုင်ငံသားများဘဏ်ဟာ လတ်တလောမှာ ရှယ်ယာ တစ်စုကို ၇၅၀၀ ကျပ်ဝန်းကျင်နဲ့ ရန်ကုန်စတော့အိတ်ချိန်း မှာရောင်းချနေတာလည်းဖြစ်ပါတယ်။ ဘဏ်ရဲ့ ပြောဆိုချက်အရတော့ သြဂုတ်လ ၃၀ ရက်ကို အမြတ်ဝေစုခံစားခွင့် ရရှိမည့်ရက် အဖြစ် မြန်မာနိုင်ငံသားများဘဏ်က ကြေညာထားပြီး အဲ့ဒီနေ့အရောင်းအဝယ်ပိတ်သိမ်းချိန်မှာ ရှယ်ယာရှင် တွေကို အမြတ်ငွေခွဲပေးသွားမယ်လို့ ဆိုပါတယ်။



အမြတ်ဝေစုရရှိဖို့ နောက်ဆုံး ဝယ်ယူရမယ့် ရက်ကတော့ သြဂုတ်လ ၂၇ ရက်နေ့ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ကစတင် ဝယ်ယူမယ့် အစုရှုယ်ယာရှင်တွေကတော့ (၂၀၁၇-၁၈) ဘဏ္ဍာရေးနှစ်အတွက် ခွဲပေးမယ့် အမြတ်ဝေစုတွေကို ခံစားခွင့်မရှိဘဲ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်နှင့်သာ အကျုံးဝင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံသားများ ဘဏ်က အသိပေးထုတ်ပြန်ထားပါတယ်။



ဒါအပြင် စက်တင်ဘာလ ၂၂ ရက်မှာလည်း ဘဏ်ရဲ့ နှစ်ပတ်လည်အထွေထွေ အစည်းအဝေး ကိုပြု လုပ် ဖို့ရှိနေပြီးအမြတ်ဝေစု ထုတ်ပေးမယ်ရက်ကိုတော့ အချိန်နဲ့ တပြေးညီကြေညာပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က