AD
AD
AD
play

 

မတ်လ ၇ ရက် ည ၈ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် အနှိပ်တော်ရပ်ကွက်၊ သရက်ကုန်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၁၁ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဘုရားမီးပူဇော်တာကနေ ဖြစ်ပွားခဲ့တဲ့ အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 4 အဆင့် မီးသတ်ယာဉ်တွေနဲ့ သွားရောက် မီးငြိမ်းသတ်ခဲ့ရပြီး ည ၈ နာရီ ၃၀ အချိန်မှာ မီးကို ထိမ်းသိန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

play

 

မီးလောင်မှုဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘဲ အိမ် ၁၁ လုံးဆုံးရှုံးခဲ့ရကာ ပျက်စီးမှုတန်ဖိုး သိန်း ၉၀ ကျော်ရှိခဲ့ပြီး မီးလောင်မှုဖြစ်ပွားတဲ့နေရာက မီးသတ်ကားတွေဝင်လို့ မရအောင်လမ်းကျဉ်းတာကြောင့် ခက်ခက်ခဲခဲငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ မတ်လ (၃) ရက် ညပိုင်းကလည်း မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၇၆စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ လူ ၉၀၀ နီးပါး မီးဘေးသင့်ခဲ့ရပါတယ်။

Photos : U Myint Maw Tun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD