မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းက ကြီးမှုးပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ကျောင်းသူ ကျောင်းသားတွေအတွက် ရည်ရွယ်ကာ“ICT Career” ဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွေကို ဇူလိုင် ၃၀ ရက်နေ့ MIIT မှာကျင်းပမယ်လို့သိရပါတယ်။

play

 

တိုးတက်နေသော သတင်းအချက်အလက် နည်းပညာခေတ်ကိုကျော်လွန်ကာ Digital Economy ခေတ်ဆီသို့ ဦးတည်ပြောင်းလဲနေချိန်မှာ မြန်မာလူငယ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေနဲ့အလုပ်အကိုင်အခွင့်အလမ်း ဆွေးနွေးဟောပြောတာဖြစ်ကာ အခမဲ့ တက်ရောက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT)၊ ၇၃လမ်းနှင့်ငုရွှေဝါလမ်းထောင့်၊ Mingalar Mandalay Ocean Super Center တောင်ဘက်၊ မန္တလေးမြို့မှာ ဇူလိုင် ၃၀ နေ့လည်၁၂ နာရီ ကစပြီးကျင်းပမယ်လို့  သိရပါတယ်။

Photos & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video