AD
AD
AD

ပဲခူးတိုင်း အစိုးရအဖွဲ့ဝန်ကြီးတချို့ကို သူတို့ သဘောဆန္ဒအလျောက် ရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတဦးထင်ကျော်လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်ကို ဇန်န၀ါရီလ ၁၁ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပဲခူးတိုင်းအစိုးရအဖွဲ့ထဲက သယံဇာတ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာ ရေးနဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မ (က) နဲ့ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါ ပြဌာန်းချက်တွေအရ သူတို့ သဘောဆန္ဒအတိုင်း နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

play

 

ဒါပါနဲ့ဆို အဆိုပါ ပုဒ်မနဲ့ဒီသီတင်းပတ်အတွင်းမှာ နှုတ်ထွက်ခွင့်ပြုခဲ့တဲ့ ၀န်ကြီးချုပ်တဦးအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီး (၆)ဦးရှိခဲ့ပြီဖြစ်ပါတယ်။

ဇန်န၀ါရီလ (၉)ရက်နေ့က  ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီနဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သံယံဇာတနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဦးဘဟိန်း တို့ကို နှုတ်ထွက်ခွင့်ပြုခဲ့ပြီး၊ ဇန်န၀ါရီလ (၁၀)ရက်နေ့က မကွေးတိုင်း အစိုးရအဖွဲ့မှ စိုက်ပျိုးရေး နဲ့ ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့် နဲ့ အလုပ်သမား၊ လူမှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ၀န်ကြီး ဦးနေမျိုးကျော်တို့ကို နှုတ်ထွက်ခွင့်ပြုကြောင်း သီးသန့်ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD