Local News: MLM လုပ်ငန်းတွေကို ဥပဒေနဲ့ ညီမညီ စိစစ်နေတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးပြော

MLM လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။

play

 

ပြည်တွင်းမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ Multi Level Marketing လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေကို အသေးစိတ် စာရင်းကောက်ယူနေပြီး တည်ဆဲဥပဒေတွေနဲ့ ညီမညီစိစစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီနေ့ကျင်းပခဲ့တဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

play

 

ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ MLM (ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း) ကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူဆောင်ရွက်ဖို့  အစီအစဉ်ရှိမရှိမေးခွန်းကို လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦအောင်ကျော်ကျော်ဦးက မေးမြန်းခဲ့တာကို ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ MLM လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ချက်တွေနဲ့  တိုင်ကြားချက်များအရ ဥပဒေချိုးဖောက်တာတွေ စစ်ဆေးတွေ့ရှိရင်  တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။

Source : 7DayDaily

Photos : Businessgetrich

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ