AD
AD
AD
play

 

ပြည်တွင်းမှာရှိတဲ့ ဆင့်ပွားကွန်ရက်စနစ်နဲ့ ချိတ်ဆက်ရောင်းဝယ်တဲ့ ကုမ္ပဏီတွေကို (MLM) ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဦးဆောင်ပြီး ဌာနငါးခုက ခေါ်ယူစိစစ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတော်နဲ့ အများပြည်သူတွေ ဆုံးရှုံးနစ်နာမှုမရှိစေဖို့ သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ရဲ့ တာဝန်ပေးချက်အရ ၂၀၁၇ အစပိုင်းက MLM (Multi-Level Marketing) ကုမ္ပဏီတွေကို စတင်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

‘‘ကုမ္ပဏီတွေ လိမ်လည်တာ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတယ်။ သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တိုင်ကြားစာ တွေကိုကြည့်ပြီး စစ်ဆေးဖို့ ညွှန်ကြားလာလို့ စစ်ဆေးတာပါ။ ဌာနရဲ့သဘောနဲ့ စစ်ဆေးတာမဟုတ်ပါဘူး’’လို့ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ထွန်းက ပြောပါတယ်။

play

 

ပူးပေါင်းစစ်ဆေးနေတဲ့ ဌာနတွေက ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနဲ့  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ဖြစ်ပါတယ်။

‘‘အရေးယူဖို့ စိစစ်နေတယ်။ သူတို့က ဥပဒေအများကြီးနဲ့ ငြိနေ တယ်။ ဌာနဆိုင်ရာက သူတို့နဲ့ သက်ဆိုင်တဲ့ ဥပဒေအတိုင်းအ ရေးယူဖို့ လုပ်နေတယ်’’ ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

၂၀၀၉ နဲ့ ၂၀၁၁ မှာ ပြည်တွင်း၊ ပြည်ပ MLM ကုမ္ပဏီ သုံးခုကို အရေးယူခဲ့ပြီး ကုမ္ပဏီပိုင်ငွေနဲ့ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းခြင်း၊ ကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းတာတွေလုပ်ခဲ့ပေမယ့် ဒီလိုအရေးယူနိုင်မယ့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ဖျက်သိမ်းခဲ့တာကြောင့် MLM ကုမ္ပဏီတွေကို အရေးယူဖို့ ဥပဒေတစ်ရပ်လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 

MLM ကုမ္ပဏီတွေက ရောင်းချတဲ့ ပစ္စည်းတွေက ပုံမှန်ထက် ဈေးပိုပေးရပြီး ကုန်ပစ္စည်းအရည်အသွေး အာမခံချက်မရှိတဲ့အပြင် နိုင်ငံအတွက် ရသင့်တဲ့ အခွန်တွေမရဘဲ ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : Biz

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD