စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

Multi Level Marketing (MLM) လုပ်ငန်းတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူတော့မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

14364815_1463077337041390_7845805924507133295_n.jpg

Photo - MEHED1

 

ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆင့်ပွားဈေးကွက် ဖြန့်ချီရေးလုပ်ငန်း Multi Level Marketing လုပ်ငန်းတွေကို တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အမိန့်ကြော်ညာစာထုတ်တဲ့နေ့က စတင် အာဏာ သက်ရောက်မှာဖြစ်ပြီး တားမြစ်ထားတဲ့ MLM လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတာကို စုံစမ်းတွေ့ရှိပါက အရေးယူမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo - စားသုံးသူရေးရာဦးစီးဌာန

 

“အများပြည်သူ သိအောင်နဲ့ မလုပ်သင့်မလုပ်ထိုက်တာ မလုပ်အောင် လို့ ထုတ်ပြန်ချက်ကို Information အနေနဲ့ ထုတ်ပေးတာပါ။ လောလောဆယ်က နောက်တဆင့်ကျန်သေးတယ်။ဘယ်အဖွဲ့အစည်း ဘယ်ဌာနကို စီးပွားကူးသန်းဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပေးမလဲဆိုတာတော့ မသိသေးပါဘူး။ အဲဒီ ညွှန်ကြားစာ ထုတ်ဖို့တော့ ကျန်ပါသေးတယ်။ “ လို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun မီဒီယာကို စက်တင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

MLM ဆိုသည်မှာ ဈေးကွက်ဆိုင်ရာနည်း ဗျူဟာတစ်ခုဖြစ်သည်။ အရောင်းအင်အားစုသက်သက်ရယ်သာ မဟုတ်ဘဲ ရောင်းချသူလူတန်းစားများ ကွန်ရက်သဖွယ်၊ ပိရမစ် သဖွယ်စုဖွဲ့၍ လူ ထုကြားပျံ့နှံ့သော မီဒီယာများကို မသုံးဘဲ၊မကြော်ငြာဘဲ Door-to-door (Or)One-to-one စနစ်ဖြင့် ရောင်းချသောစနစ်ဖြစ်သည်။ အမှန် တကယ် တွင် ပိရမစ် ပုံစံလူစုသည့်MLMစနစ်သည် ရေရှည် ရပ်တည်၍မရသော စီၤးပွားရေးစနစ်ပုံစံဖြစ် ပြီး သာမန်စီးပွားရေးစနစ်နှင့် များစွာကွဲ ပြား သည်ဟုစီးပွားရေး ပညာရှင်များ က ဆိုပါတယ်။

Share

Loading Next Article...
က္က