အဲ့ဒီစနစ်နဲ့ မရောင်းချဘူးလို့ ကြေငြာလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ MLM စနစ်နဲ့ ကုန်ပစ္စည်းရောင်းချနေတဲ့ကုမ္ပဏီတွေအနေနဲ့ အဆိုပါစနစ်နဲ့ ရောင်းချခြင်းမပြုတော့ဘူးလို့ စက်တင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။



 

 

42179540_2137422429841574_3682702223143337984_n.jpg 

စီးပွားကူးသန်းဝန်ကြီးဌာနကနေထုတ်ပြန်လိုက်တဲ့ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း နဲ့ပါတ်သတ်ပြီး တားမြစ်ချက်အမိန့်ကြော်ငြာစာကြောင့် ဖြစ်ပြီးတော့ အဲ့ဒီစနစ်နဲ့ မရောင်းချဘူးလို့ ကြေငြာလိုက်တာဖြစ်ပါတယ်။

Unicity , AIM STAR NETWORK, SHINE HOPE , DOUBLE CRANE, SHWE PANNN TAING, LUCKY TIME, ZHULIAN စတဲ့ကုမ္ပဏီတွေကနေ အဆိုပါစနစ်နဲ့ ရောင်းချခြင်းမပြုဖို့ စက်တင်ဘာ ၁၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

Multi Level Marketing (MLM) လုပ်ငန်းတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူတော့မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 စက်တင်ဘာ ၁၈ ရက်နေ့မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆင့်ပွားဈေးကွက် ဖြန့်ချီရေးလုပ်ငန်း Multi Level Marketing လုပ်ငန်းတွေကို တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အမိန့်ကြော်ညာစာထုတ်တဲ့နေ့က စတင် အာဏာ သက်ရောက်မှာဖြစ်ပြီး တားမြစ်ထားတဲ့ MLM လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတာကို စုံစမ်းတွေ့ရှိပါက အရေးယူမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က