မထောက်ခံသူ ၇၈ ရာနှုန်းနဲ့ ထောက်ခံသူ ၂၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Duwun မီဒီယာကနေ စက်တင်ဘာ ၂၅ ရက်မနက် ၁၀ နာရီ ၂၀ မိနစ်ကနေ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီ ၂၀မိနစ်အထိ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Multi Level Marketing စနစ်ကို မထောက်ခံသူ ၇၈ ရာခိုင်နှုန်းရှိနေပါတယ်။

 

 

မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းရှိသင့်၊ မရှိသင့်နဲ့ ပါတ်သတ်ပြီးတော့ ၂၄ နာရီကြာမြင့်တဲ့ အဆိုပါအွန်လိုင်း စစ်တမ်ကို ဝင်ရောက်ဖြေဆိုသူ ၄၆၀၀၀ ကျော်ရှိခဲ့ပြီး MLM စနစ်ကို မထောက်ခံသူ ၇၈ ရာနှုန်းနဲ့ ထောက်ခံသူ ၂၂ ရာခိုင်နှုန်းနဲ့ မဲပေးခဲ့ကြပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနကနေထုတ်ပြန်လိုက်တဲ့ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း နဲ့ပါတ်သတ်ပြီး တားမြစ်ချက်အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း MLM ကုမ္ပဏီအများစုက အဲ့ဒီစနစ်နဲ့ ရောင်းချခြင်းရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြပါတယ်။

Unicity , AIM STAR NETWORK, SHINE HOPE , DOUBLE CRANE, SHWE PANNN TAING, LUCKY TIME, ZHULIAN စတဲ့ကုမ္ပဏီတွေကလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေကို MLM စနစ်နဲ့ ရောင်းချခြင်း ရပ်ဆိုင်းလိုက်တဲ့အကြောင်း စက်တင်ဘာ ၁၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

Multi Level Marketing (MLM) လုပ်ငန်းတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူတော့မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က