professional league Myanmar အနေနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဆုကြေးငွေကျပ် သိန်းလေးရာကျော်ပေးမယ့်မြန်မာ့ပထမဆုံး mobile legends ဂိမ်းပြိုင်ပွဲကို   လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ကနေစပြီး ကျင်းပသွားမှာဖြစ်တယ်လို့  သိရပါတယ်။



 

Copy of IMG_2514.JPG

သတင်းစာရှင်းလင်းပွဲ

 

အဲ့ဒီပြိုင်ပွဲကို Mobile Legends ကုမ္ပဏီ Monoton နဲ့ HOG ESports တို့ပူးပေါင်းကျင်းပတာဖြစ်ပြီးတော့ professional league Myanmar အနေနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

“ လူငယ်တွေက ဂိမ်းကစားပြီးတော့ အသက်မွေးဝမ်းကျောင်းလုပ်လို့မရဘူးထင်နေကြတယ်။အဲ့ဒါကိုလည်း အမြင်ပြောင်းလဲစေချင်တယ်။အခုကလည်း မြန်မာငွေသိန်းလေးရာကျော်တော့သူတို့ ရနိုင်မယ့်ငွေလည်းအများကြီးရှိတယ်။နောက်ပြီး ဂိမ်းအကြောင်းကောင်းကောင်းသိရင် သူတို့ဝါသနာအရလုပ်နေကြတဲ့သူတွေကိုလည်း ပရိုဖြစ်လောက်မယ့်သူတွေကို ခေါ်ပြီးတော့ HOG ကနေ ခေါ်သုံးသွားဖို့ အစီအစဉ်ရှိတယ် ” လို့ Event Director ကိုဇော်စည်သူက ပြောပါတယ်။

 

မြန်မာနိုင်ငံကကစားသမားတွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ ပြိုုင်ပွဲဖြစ်ပြီးတော့ နိုင်ငံတကာပြိုင်ပွဲတွေကို တက်လှမ်းနိုင်မယ်လို့လည်းပြောပါတယ်။ အွန်လိုင်းလက်ရည်စစ်ပွဲတွေကို ပထမအဆင့် စက်တင်ဘာလ ၂၉-၃၀ ၊ ၄ သင်းရွေးချယ်သွားမှာဖြစ်ပြီးတော့ ဒုတိယအဆင့်ကို အောက်တိုဘာ ၆-၇ မှာ၄ သင်းရွေးချယ်ပြီး လက်ရည်စစ်ပွဲအောင်တဲ့ အသင်း ၈ သင်းကို ဆုကြေးငွေအနေနဲ့ တစ်သင်းကို ဒေါ်လာ ၁၀၀ ၊စုစုပေါင်း ဒေါ်လာ ၈၀၀ အပြင် ပုံမှန်ရာသီပွဲစဉ်တွေမှာ တစ်ပါတ်စာအဖြစ်နဲ့ တစ်သင်းကို ဒေါ်လာ ၁၈၀ ၊ စုစုပေါင်း ဒေါ်လာ ၅၇၆၀ ကိုပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရာသီကနေ အကောင်းဆုံးအသင်း ၄ သင်းရဲ့ Grand Final ကို မြန်မာပလာဇာမှာ ဒီဇင်ဘာ ၂ ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးတော့ အနိုင်ရတဲ့အသင်းကို ဒေါ်လာ တစ်သောင်း၊ အပြင် ပထမ၊ဒုတိယ၊တတိယဆုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့တစ်ခေါက်ကျနော်တို့မြန်မာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Mobile Legend: BANG BANG SOUTH EAST ASIA CUP” အတွက် မြန်မာနိုင်ငံလက်ရည်စစ်ပွဲက စိတ်လှုတ်ရှားစရာကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ MSC-MM ကကစားသမားတွေရဲ့ Esports အိမ်မက်တွေကို စတင်အကောင် အထည်ဖော်နိုင်ပေးခဲ့ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံမှာပထမဆုံးမိုလ်ဘိုင်းဂိမ်းပြိုင်ပွဲဖိုင်နယ်ကျင်းပပေးနိုင်ခဲ့ပြီး Facebook live မှာကြည့်ရှုသူဦးရေအများအပြားနဲ့အောင်မြင်အောင်ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။အခုဆိုရင် MSC-MM ကမြန်မာနိုင်ငံမှာအကြီးဆုံးမိုလ်ဘိုင်းဂိမ်းပြိုင်ပွဲတစ်ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။” လို့ Moonton ကုမ္ပဏီရဲ့ esports manager Mr. Lius Andre Saputra ကပြောပါတယ်။

မြနမာနိုင်ငံအနေနဲ့ E-Sport ကနေတစ်ဆင့် အနာဂါတ်မှာ ဗီဒီယိုဂိမ်းနဲ့ပါတ်သတ်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာစေဖို့ အတွက် ဂိမ်းပြိုင်ပွဲတွေ ထပ်ပြုလုပ်သွားမယ်လို့လည်း e-sport အဖွဲ့ချုပ်က ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က