AD
AD
AD

မိုဘိုင်းငွေပေးငွေချေ ဝန်ဆောင်မှု Mobile Money အတွက် သီးခြား ကုမ္ပဏီထောင်ပြီး ဝန်ဆောင်မှုပေးသွားဖို့ စီစဉ်နေတဲ့ MPT ဟာ ဒီဝန်ဆောင်မှုကို စတင်ဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

play

 

လောလောဆယ်မှာ ဗဟိုဘဏ်ဘက်မှ လိုင်စင်ချပေးတာကို စောင့်နေတာ ဖြစ်ပြီး သီးခြားကုမ္ပဏီအနေနဲ့ Mobile Money ဝန်ဆောင်မှုဆောင်ရွက်ဖို့ အတွက်လည်း စီစဉ်နေတယ်လို့ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ဆိုပါတယ်။

" “ကျွန်တော်တို့ကို ဗဟိုဘဏ်ကနေလိုင်စင်ချထား ပေးဖို့လုပ်နေ တယ်။ သို့သော် Mobile Money ဥပဒေအရတယ်လီကွန်း အော်ပရေတာက သီးခြားကုမ္ပဏီတစ်ခု ထောင်ရမယ်။ အဲဒါကြောင့် ကျွန် တော်တို့ သီးခြားကုမ္ပဏီထောင်ဖို့ကိုကြိုးစားနေတယ်။ အသင်းအဖွဲ့စည်းမျဉ်းတွေ၊ အသင်းအဖွဲ့မှတ်တမ်းတွေ ကျွန်တော်တို့ရေးနေပြီ"လို့ ရှင်းပြပါတယ်။

 

အစပိုင်းမှာ မိုဘိုင်းငွေကြေး လွှဲပြောင်းမှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ငွေပေးချေတဲ့ အပိုင်းတွေပါ လုပ်ဆောင်သွားမယ်လို့ လည်း သိရပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး  “သီးခြားကုမ္ပဏီထောင်ပြီးတာနဲ့ လိုင်စင်လျှောက်မယ်။ လိုင်စင်ရပြီးတာနဲ့ စလို့ရပြီ။ ကျွန်တော်တို့မှာ ကိုယ်စားလှယ်တွေ လည်းရှာ ထားပြီးပြီ။ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေလည်းခန့်ထားပြီးပြီ၊ အားလုံးကအဆင်အသင့်ဖြစ်နေပြီ” လို့ ဆိုပါတယ်။

play
မိုဘိုင်းငွေကြေးနှင့် အေးဂျင့်ဘဏ်စနစ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲ

 

MPT ဟာ ဗဟိုဘဏ်မှ လိုင်စင်ရပြီဆိုတာနဲ့ မိုဘိုင်းငွေလွှဲစနစ်ကို သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ဈေးဝယ်တဲ့အပိုင်းအတွက် ငွေပေးချေမှုပါ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD