ရန်ကုန်၊မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ပြုလုပ်သွားမှာပါ။

မိခင်တွေနဲ့ ငါးနှစ်အောက်ကလေးတွေအတွက် ရည်ရွယ်ကျင်းပတဲ့  Mom and Kalay Fair (2018) ကို ရန်ကုန်၊မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ပြုလုပ်သွားတော့မယ်လို့သိရပါတယ်။

 

 

အဆိုပါ ပွဲကို kalay.com.mm က ဦးစီးကျင်းပတာဖြစ်ပြီး  ပွဲကျင်းပမယ့်အကြောင်းသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၉ ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

 

အောက်တိုဘာ ၂၇ ရက်၊ ၂၈ ရက်တွေမှာ မန္တလေးမြို့က မင်္ဂလာမန္တလေးရှော့ပင်းမောလ်၊ နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်မှာ တောင်ကြီးမြို့ရှိ City Square Shopping Center နဲ့ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Mom and Kalay Fair (2018) ပွဲမှာ ကျန်းမာရေးဗဟုသုတဆိုင်ရာ ဆရာဝန်တွေနဲ့ အမေးအဖြေအစီအစဉ်၊ Medical Checkup အစီအစဉ်တွေ နဲ့ ငါးနှစ်အောက်ကလေးတွေအတွက် ဂိမ်းအစီအစဉ်တွေ၊ မျက်လှည့်အစီအစဉ်တွေ၊ Joker အစီအစဉ်၊ မိသားစုပြိုင်ပွဲ၊ မိသားစုလိုက်ကစားရတဲ့ ဂိမ်းအစီအစဉ်တွေ ပါဝင်ပြီး ဗလာမပါကံစမ်းမဲ အစီအစဉ်တွေပါဝင်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က