AD
AD
AD
play

 

လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပမယ့် Monsoon Madness Festival က မြန်မာနိုင်ငံမှာ တစ်ခါမှမလုပ်ဘူးတဲ့ EDM ပွဲနဲ့ Fashion ပွဲကို ပေါင်းစပ်ထားတာကြောင့် အရမ်းလန်းတဲ့ပွဲဖြစ်မှာ အသေအချာပါပဲ။

ဘာလို့ Monsoon Madness Festival ကိုသွားသင့်လဲဆိုတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ မိုးလုံလေလုံကွင်းထဲမှာ ပထမဆုံးအကြိမ် လုပ်တာကြောင့် မိုးရာသီမကုန်သေးတဲ့ အခုလိုအချိန်မှာ မတော်တဆမိုးရွာလာမှာကို မစိုးရိမ်ရတော့တာကြောင့် ပိုလွတ်လပ်တယ်လို့ ဆိုရမှာပါ။

ဘာတွေထူးခြားမှာလဲ.. ပထမဆုံးထူးခြားမှုက မြန်မာနိုင်ငံမှာမလုပ်ဖူးသေးတဲ့ ဖျော်ဖြေမှုမျိုးဖြစ်တဲ့ EDM နဲ့ Fashion ရှိုးကို တွဲဖက်ပေါင်းစပ် ဖျော်ဖြေမယ့် ပွဲဖြစ်တာကြောင့် မော်ဒယ်ရှိုးနဲ့အတူ ဂီတကိုပါ တွဲဖက်ခံစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဒီဂျေပညာရှင်တွေရဲ့ အမိုက်စား Beat တွေနဲ့အတူ ကခုန်ရင်း ဖက်ရှင်ရှိုးကိုပါ ကြည့်လို့ရမှာနော်။

play

 

ဘယ်သူတွေလာဖျော်ဖြေမလဲ... Monsoon Madness ကို နှစ်မျိုးခွဲခြားထားပါတယ်။ Live performance နဲ့ EDM ပါ။ Live performance မှာ ဘာပါမလဲဆိုတော့ Project K ၊ အမွန်း၊ မေရီ၊ စိုင်းစိုင်းခမ်းလှိုင်၊ ထိုင်းတေနီယမ်နဲ့ Far East Movement တို့က ဖက်ရှင်ရှိုးနဲ့ပါ ဖျော်ဖြေမှာပါ။ EDM အပိုင်းမှာတော့ ထိပ်တန်းစာရင်းဝင်ဒီဂျေတွေဖြစ်တဲ့ Ummet Ozcan , Oliver Heldens , Axwell Ingrosso တို့က နေပြီး performance သုံးခုနဲ့ ဖျော်ဖြေတာကို ခံစားရမှာပါ။

play

 

ဘယ်လိုစီစဉ်ထားလဲ... နောက်ထပ် ထူးခြားတာက စတိတ်စင်ပါ။ မြန်မာနိုင်ငံမှာ EDM ပွဲကို မိုးလုံလေလုံခန်းမမှာ ပထမဆုံး လုပ်မှာဖြစ်တဲ့အတွက် နိုင်ငံတကာကပွဲတွေရဲ့ စတိတ်စင်တွေကို တာဝန်ယူဖန်တီးပေးနေတဲ့ 250K က စတိတ်ရှိုးဒီဇိုင်းကို တာဝန်ယူထားလို့ အလန်းစားဖြစ်နေမှာပါ။ စတိတ်စင်နှစ်ခု လုပ်ထားပြီးတော့ Main စတိတ်စင်အပါအ၀င် နောက်ထပ် ဒုတိယစတိတ်စင်ဖြစ်တဲ့ MADD stage ပါဝင်ပါတယ်။

Main စတိတ်စင်မှာတော့ နိုင်ငံတကာက DJ Artist တွေပါဝင်မှာဖျော်ဖြေမှာဖြစ်ပြီး MADD စတိတ်မှာတော့ ပြည်တွင်းက DJ Artist တွေဖြစ်တဲ့ Double U , DJ Bay Tar, EMJ တို့က ညနေ ၄ နာရီကနေ ၈ နာရီအထိ တင်ဆက်မှာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD