AD
AD
AD
play

 

လာမယ့်စက်တင်ဘာလ ၂၃ ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားတဲ့ Monsoon Madness Music Festival ကို လာမယ့် ပြည်ပ DJ သမားတွေက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကိုအကြောင်းပြပြီး လာရောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

ပြည်ပမီဒီယာတွေမှာပျံ့နှံနေတဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်သတင်းတွေကို အခြေခံပြီး "လူ့အခွင့်အရေး"ဆိုတဲ့ အကြောင်းပြချက်နဲ့ Axwell /\ Ingrosso, Oliver Heldens, Ummet Ozcan နဲ့ Far East Movement တို့က လာရောက်ဖျော်ဖြေဖို့ မဖြစ်နိုင်တော့ဘူးလို့ အကြောင်းကြားလာတာပါ။

 

Monsoon Madness Music Festival ကျင်းပမယ့်ပွဲတာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အာမခံချက်တွေ၊ သက်ဆိုင်ရာသံရုံးတွေရဲ့အာမခံချက်တွေရှိလို့ လာရောက်ဖျော်ဖြေပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် အကြောင်းမျိုးစုံပြပြီး  လာရောက်ဖျော်ဖြေဖို့ကို ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပွဲတာဝန်ရှိသူတွေအနေနဲ့ ကြေငြာပြီးသားအနုပညာရှင်တွေ၊ ထပ်မံဖိတ်ကြားထားတဲ့ ပြည်ပဂီတပညာရှင်တွေနဲ့အတူ မြန်မာ့ဂီတပညာရှင်တွေ မြန်မာ့နိုင်ငံကျော်အဆိုတော်တွေနဲ့ အတူ Monsoon Madness Music Festival ကို အကောင်းဆုံးကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD