AD
AD
AD

MPT ဟာ စီးပွားရေး လုပ်ငန်းတွေအတွက် အင်တာနက်ဝန်ဆောင်မှုကို အာမခံသဘောတူစာချုပ်နဲ့ သုံးနိုင်မယ့် စနစ်တစ်ခုကို ဆောင်ရွက်လိုက်ပါတယ်။

play

 

Fiber Internet ,  Leased Line and International Private Leased Circuit စတဲ့ အင်တာနက်ဝန်ဆောင်မှုတွေအတွက် အာမခံချက်တွေ ထည့်သွင်းထားတဲ့ သဘောတူစာချုပ်ကို ရန်ကုန်မှာ ရှိတဲ့ B2B customer တွေအနေနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအာမခံ သဘောတူစာချုပ်စံနှုန်းအသစ်မှာ ဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း ၊ ဝန်ဆောင်မှုအတွက် ၉၉% ရရှိနိုင်ခြင်းနဲ့ ငွေပြန်အမ်းသွားမယ့် အစီအစဉ်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

 

ဒီအစီအစဉ်ကို လက်ရှိသုံးစွဲနေသူတွေအပြင် စတင်သုံးစွဲမည့်သူတွေအနေနဲ့ MPT ရဲ့ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုတွေကို အသုံးပြုခြင်းအတွက် မှတ်ပုံတင်ပေးသွင်းပြီးသွားရင် အလိုအလျောက် ပရီမီယံလုပ်ငန်း အသုံးပြု သူများစာရင်းမှာ ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

play

 

သဘောတူညီချက်အရ အင်တာနက်လိုင်းနှေးကွေးခြင်း ၊ လိုင်းကျခြင်း ၊ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်လာပါက ဖြစ်တဲ့  ဖြစ်စဉ်တွေရဲ့ သဘောသဘာဝနဲ့ လိုင်းကျမှု ကြာမြင့်ချိန်ပေါ်မူတည်ပြီး ပြန်အမ်းငွေ အာမခံပေးထားတယ်လို့ MPT က သတင်းထုတ်ပြန်ထားပါတယ်။MPT ရဲ့ ဒီအစီအစဉ်နဲ့ Fixed line ဝန်ဆောင်မှုများ ၊ သဘောတူ စာချုပ်စံနှုန်းသစ် ဝန်ဆောင်မှုများနဲ့ ပြန်အမ်းငွေ အာမခံအစီအစဉ်များအကြောင်းကို b2b@mptjo.com.mm မှာ မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD