AD
AD
AD
play

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အော်တိုတယ်လီဖုန်းလိုင်းနဲ့ Mobile တယ်လီဖုန်းလိုင်းများအကြား ခေါ်ဆိုခနှုန်းထားသက်သာအောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကပြောကြားလိုက်ပါတယ်။

ကျင်းပနေတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ဒဂုံမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ ရန်ကုန်တိုင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်အမည်ပေါက် ကြိုးဖုန်းအလုံးရေမည်မျှရှိပြီး ဆက်လက်သုံးစွဲနေသော ကြိုးဖုန်းအရေအတွက် နဲ့ အော်တိုကြိုးဖုန်းတွေရဲ့ ဆက်သွယ်ရေးကြိုးလိုင်းတွေကို ပြတ်တောက်မှုမရှိအောင် စီမံဆောင်ရွက်နေတဲ့ အခြေအနေနဲ့ဖုန်းခေါ်ဆိုခတွေ လျော့ချမှု အစီအမံရှိမမေးမြန်းရာဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့တာပါ။

play

 

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အော်တိုတယ်လီဖုန်းလိုင်းဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန် တယ်လီဖုန်းလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေကို ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင် Service Provider များအား ၂၀၁၄ခုနှစ်၊ မတ်လမှစ၍ ဝန်ဆောင်မှုပေးနေပါတယ်။ ယခုအခါမှာ နေပြည်တော်၊ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများရှိ Exchange Area (၁၂)ခုတွင် လုပ်ငန်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆက်လက်၍လည်း Exchange Area များတိုးချဲ့၍ ပြင်ပ ပုဂ္ဂလိကလုပ်ငန်းရှင် Service Provider များအား လုပ်ငန်းအပ်နှံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်" လို့ ဒေါ်နီလာကျော်က ပြောပါတယ်။

ဒါ့အပြင် အော်တိုတယ်လီဖုန်းသုံးစွဲသူတွေအသုံးပြုနေတဲ့ လက်ရှိ Auto Exchange များတွေကို Voice သာမက Data ပါ အသုံးပြုနိုင်တဲ့ ပိုမိုခေတ်မှီ ကောင်းမွန်တဲ့ နည်းစနစ်တွေကို ဆောင်ရွက်နေရာ ၂၀၁၉ခုနှစ်၊ ဇွန်လကုန်ခန့်မှာ Auto Exchange ပြီးစီးမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အော်တိုတယ်လီဖုန်း၊ ကြိုးဖုန်းနဲ့ Public Switch Telephone Network မှာ ၂၅၈,၅၀၇ လိုင်းရှိပြီး တပ်ဆင်သုံးစွဲနေတဲ့ တယ်လီဖုန်းလိုင်းအရေအတွက်က ၂၀၅,၉၁၃ ရှိလို့ တပ်ဆင်သုံးစွဲနိုင်တဲ့ အော်တိုတယ်လီဖုန်းလိုင်း ၅၁,၄၅၈ လိုင်း လက်ကျန်ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD