MPT အချင်းချင်း မိနစ် ၃၀ ကို ရက်ပေါင်း ၃၀ အခမဲ့ ရမှာပါ။

ရေဘေးသင့် မြို့နယ်ပေါင်း ၁၈ ခုက ပြည်သူတွေအနေနဲ့ ရက်ပေါင်း ၃၀ အထိအသုံးပြုနိုင်မယ့် MPT ဖုန်းအချင်းချင်း မိနစ် ၃၀ စာ အခမဲ့ခေါ်ဆိုခွင့်ကို ရက်ပေါင်း ၃၀ အထိပေးသွားမယ်လို့ MPT ဆက်သွယ်ရေးအော်ပရေတာက ထုတ်ပြန်ကြေငြာပါတယ်။




ဖုန်းအခမဲ့ပြောဆိုနိုင်မည့် မြို့နယ်များ (Source - MPT)



MPT အနေနဲ့ ရေဘေးသင့်ပြည်သူတွေ သူတို့ရဲ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မပြတ်စေဖို့နဲ့ အရေးပေါ် ကယ်ဆယ်ရေးလှုပ်ရှားမှုအဖွဲ့တွေဆီကို ဆက်သွယ်နိုင်ဖို့အတွက် ကူညီပေးတာလို့ဆိုပါတယ်။



ရေဘေးသင့်ခဲ့သည့် မြို့နယ် ၁၈ ခုက MPT သုံးစွဲသူတွေအနေနဲ့ ဒီနေ့ သြဂုတ်လ ၃ ရက်နေ့က စတင်ပြီး မိနစ်(၃၀) အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ရရှိမှာဖြစ်ပြီး မည်သည့်MPTဖုန်းကိုမဆိုခေါ်ဆိုနိုင်မယ်လို့ MPT ရဲ့Website မှာ တရားဝင်ကြေငြာထားပါတယ်။

 

Photo - Myanmar Fire Service Department



အဲ့ဒီဒေသများက MPT သုံးစွဲသူတွေဟာ အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို လျှောက်ထားရယူဖို့မလိုဘဲ အလိုအလျောက်ရရှိအသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုနိုင်ပြီဖြစ်ကြောင်းကိုလည်း MPT ကနေ စာတို(SMS) ပေးပို့ အသိပေးသွားမယ်လို့ဆိုပါတယ်။



MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနရဲ့ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကို က “ရေဘေးသင့်ဒေသတွေဖြစ်ခဲ့ရတဲ့ မွန်၊ ကရင် နဲ့ ပဲခူးတိုင်း(အရှေ့)က ပြည်သူတွေအတွက် MPT က အားလုံးနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။ MPT ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေတာပါ။ အခုလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကျရောက်နေတဲ့ အချိန်မှာ ဆက်သွယ်ရေးဟာ အင်မတန်အရေးကြီးမယ်ဆိုတာကို ကျွန်တော်တို့ MPT အနေနဲ့ ယုံကြည်ထားပါတယ်။"လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က