MPT ရဲ့ LTE+ ကွန်ရက်အဆင့်မြှင့်တင်ခြင်းနဲ့ တိုးချဲ့ခြင်းအကြောင်း မိတ်ဆက်ပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ က ရန်ကုန်မြို့ park royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ဒီပွဲမှာ MPT အနေနဲ့ မိုဘိုင်းလ်အင်တာနက် LTE+ ကွန်ရက်ပေါ်ရှိ bandwidth ပမာဏကို ယခင်ကထက် နှစ်ဆတိုးမြှင့်လိုက်တာကြောင့် သုံးစွဲသူများအနေနဲ့ ယခင်သုံးစွဲနိုင်တဲ့ အင်တာနက် နှုန်းထားထက် နှစ်ဆပိုမြန်တဲ့ 300 Mbps အထိ အသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။ ယခုအင်တာနက်မြန်နှုန်းသစ်ကို ဒီနည်းပညာနဲ့ ကိုက်ညီတဲ့ ဘယ်ဖုန်းအမျိုးအစားမှာ မဆို Download/Upload အမြန်တင်နိုင်တော့မှာ ဖြစ်ပြီး အွန်လိုင်းပေါ်က ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်မြင့်ဗွီဒီယိုတွေကိုလည်း လွယ်လင့်တကူကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

ယခုကွန်ရက်သစ် အဆင့်မြှင့်တင်မှုကို လာမယ့်ဇန်နဝါရီလကစပြီး ရန်ကုန်မြို့ ဂျန်းရှင်း မော်တင် ၊ ဂျန်းရှင်းစကွဲလ်နဲ့ တော်ဝင်စင်တာ စတဲ့ ဈေးဝယ်စင်တာများမှာ စတင်သုံးနိုင်မှာပါ။ MPT ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒီနည်းပညာဟာ လှိုင်းနှုန်းစဉ် ၃ ခုပေါင်းပြီး အမြင့်ဆုံး ဒေတာ speed ဖြစ်တဲ့ 800Mbps အထိ သုံးနိုင်မယ်လို့ လည်း ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video