Local News: စိတ်ကြီးဝင်နေတဲ့ ပို့စ်ကို တမင်ဖန်တီးတာမဟုတ်ဘူးလို့ ဆိုလာတဲ့ MPT Selfie ဆုရှင်

ရုပ်ဆိုးဆိုးကြီးကို ဆုပေးမယ်လို့ မထင်ထားပါဘူးလို့လည်း ပြောပါတယ်။

play

 

လူမှုကွန်ရက်ပေါ်မှာ လူသိများခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ #SelfieWithMPT ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ပြိုင်ပွဲဝင် မစန်းရွှေရည်ဝင်းက ပြိုင်ပွဲမှာဆုရခဲ့တဲ့ ဓာတ်ပုံကို တမင်ဖန်တီးခဲ့တာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

"ဒီပြိုင်ပွဲကို ပြိုင်ဖို့က ရည်ရွယ်ချက်မရှိဘူး ပန်းဆိုးတန်းမှာ ဆင်းမ်းကတ်မှတ်ပုံတင်ဖို့ သွားရင်းနဲ့ ၀င်ပြိုင်ဖြစ်သွားတာ။ စိတ်ကြီးဝင်နေတယ်ဆိုတဲ့ ပိုစ့်ကလည်းတမင်ဖန်တီးထားတာမဟုတ်ဘူး။ ဒီဖရိမ်ကြီးကိုလည်းကိုင်ပြီး ဘာလုပ်ရမှန်းမသိဘူး။ ဒီအတိုင်းပဲ ပုံမှန်သူများတွေ ရိုက်သလိုရိုက်တာပဲ" လို့ မစန်းရွှေရည်ဝင်းက ပြောပါတယ်။

play

 

ဆယ့်ငါးသိန်းဖုန်းခေတ်ကတည်းက MPT ဖုန်းတွေကို သံယောဇဉ်တွေနဲ့ သုံးခဲ့တဲ့ မစန်းရွှေရည်ဝင်းက ဆုရခဲ့တဲ့အတွက် အရမ်းပျော်တယ်လို့ပြောခဲ့ပြီး ရုပ်ဆိုးဆိုးကြီးကို ဆုပေးမယ်လို့ မထင်ထားပါဘူးလို့လည်း ပြောခဲ့ပါတယ်။

"ဓာတ်ပုံရိုက်ပေးတဲ့ အမျိုးသားက ဒီပိုစ့်ကြီး ရိုးရိုးနဲ့ ပျင်းစရာကြီး မိန်းမရေ စိတ်ကြီးဝင်လိုက်၊ စိတ်ကြီးဝင်လိုက်ဆိုပြီး ပြောတာနဲ့ စိတ်ကြီးဝင်တဲ့ပိုစ့်ကို လုပ်ဖြစ်သွားတာ"လို့ SelfieWithMPT ပြိုင်ပွဲမှာ ဓာတ်ပုံဝင်ရိုက်ဖြစ်ခဲ့ပုံကို မစန်းရွှေရည်ဝင်းက ပြောပါတယ်။

Source & Photos : MPT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ