AD
AD
AD

ရန်ကုန်မှာ ရှိတဲ့ နာမည်ကြီး ဟိုတယ်အများစုမှာ Myanmar Payment Union (MPU) ကတ်သုံးပြီး ငွေပေးချေနိုင်ဖို့ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

လက်ရှိမှာ Novotel, Kandawgyi Palace, Chatrium, Sedona စတဲ့ ဟိုတယ်တွေမှာ MPU ကတ်နဲ့ ငွေပေးချေနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် MPU ကတ်သုံးပြီး ဆိုင်တွေမှာရှိတဲ့ POS (Point of sale) ကနေတစ်ဆင့် ပေးချေနိုင်ပြီ ဖြစ်ပါတယ်။ MPU ကတ်တွေအသုံးပြုပြီး ချိတ်ဆက် ထားတဲ့ဘဏ်တွေ၊ ကွန်ရက် အချင်းချင်း ငွေထုတ်ခြင်း၊ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ခြင်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝယ်ယူအသုံးပြုခြင်းတို့လည်း ဆောင်ရွက်နိုင်မယ် လို့ဆိုပါတယ်။

MPU (Myanmar Pay Union) ကွန်ရက်မှာ ဘဏ်ပေါင်း ၂၃ ဘဏ် ပါဝင်ပြီး လက်ရှိအချိန်မှာ အသုံးပြုသူ သုံးသန်းနီးပါးရှိပြီ လို့သိရပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလကစပြီး Myanmar Payment Union အဖွဲ့ဝင်ဘဏ် ၁၇ ဘဏ်ဟာ MPU Debit Card တွေကို စတင် ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Credit Card နဲ့ Co-Brand Card တွေ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

Photos & Souce: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD